အတင့်ရဲပြီး ပြောင်ပြောင်တင်းတင်း တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်နေသူများအား ထိထိရောက်ရောက်ကြပ်မတ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်ကြရန်လို
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်း မြစ်ကမ်းတစ်လျှောက်မှာ မြန်မာဂိတ် ၂၆ ဂိတ်၊ ထိုင်းဘက်မှာ ၁၉ ဂိတ်ရှိပြီး နယ်မြေခံတပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ် တို့မှ လုံခြုံရေးအတွက် ယူထားတဲ့နေရာများ မှာ လူပစ္စည်းအဝင်အထွက်များပါ ပြု လုပ်နေကြကြောင်း ၊ အချို့ဂိတ်များမှာ ပစ္စည်းအဝင်အထွက် မရှိတော့သော်လည်း ၁၃ဂိတ်(ဖားခြောက်ေ ကာင်)၊ ၁၁/၁၁ ၊ ၁/၂ ဂိတ်၊ ၁၄ ဂိတ်၊ ၉၉၉၊ ဂေါက်ကွင်းရှေ့၊ (၁)ဂိတ်-မုတ်သုံဂိတ်၊ (မယ်တော်သလေး) ၊ ၁၇ ဂိတ်၊ မုတ်သုံဂိတ်၊ ၉၉၉ ဂိတ်သစ်၊ ဝ-ဂိတ်၊ ၆၆၉ (၉၉၉) ၊ နေစိုးမြဂိတ်၊ ဇီးတောဂိတ်၊ (ပြည်သူ့ စစ်ဂိတ်)၁၂ဂိတ်၊ (BGF) ကရင်စာပေဂိတ်၊ မယ်တော်သလေဂိတ်၊ ၈ ဂိတ် (BGF) စတဲ့ ဂိတ်များမှ ဂျပန် ကား၊ စက်ဘီး၊ ကွမ်းသီး၊ ဂေါက် ပစ္စည်း၊ အိမ်သုံး ပစ္စည်း ၊ ရေခဲသေတ္တာအဟောင်း၊ ဓာတ်ဆီ၊ ဒီဇယ်၊ ဘီယာ၊ဘိလပ်မြေ၊ ကုန်မျိုးစုံ၊ စားသောက်ကုန် ၊ယန္တရားစတဲ့ ကုန်စည်အဝင်များပြီး ကြက်သွန်၊ ပဲ၊ သစ်၊ခနောက်စိမ်း၊ ငရုတ်သီးတို့အထွက်များ တဲ့ ဂိတ်ပေါက်များဖြစ်ပါတယ်။ ဇီးတောဂိတ်နဲ့ ၈ ဂိတ်တို့ကတော့ စက်ရုံ၊ အလုပ်သမားစတဲ့ လူအဝင်အထွက် များတဲ့ ဂိတ်များဖြစ်ကြပါတယ်။
မိမိဘက်မှ တရားဝင်တင်ပို့ခြင်း မရှိတဲ့ ကျွဲ၊ နွား အရှင်၊ ပရိဘောဂအပြင် တင်ပို့ခွင့်ပြုထားတဲ့ ခနောက်စိမ်း၊ မြေပဲဆံတို့ တရားမဝင် သွားလာနေကြတာ တွေ့ရပါတယ်။ မြဝတီကုန် သွယ်ရေးဇုန်မှာ ဝင်ရောက်စစ်ဆေးခံတဲ့ ယာဉ်စီးရေ ၂၀၀ ကျော်ခန့်ရှိသော်လည်း အသေးစိတ်ဖွင့်ဖောက်စစ်ဆေးဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် အပိုအလွဲများပါရှိနိုင်သလို နေ့စဉ်သွား လာနေတဲ့ ခရီးသည်တင်ယာဉ်ငယ် ပျမ်းမျှအစီး ၃၀၀ ၊ ဘတ်စ် ကား ၁၅ စီးခန့် တစ်ပိုင်တစ်နိုင်ပစ္စည်းများပါရှိနိုင်ခြင်း ၊ ဇုန်ရှောင်ကွင်းလမ်းနှစ်လမ်းမှ တစ်နေ့ပျမ်းမျှ ကုန်တင်ယာဉ် စီးရေ ၁၀၀ ခန့် သွားလာနေခြင်းများလည်း ရှိနေပါတယ်။ တရားမဝင်လုပ် ငန်းဆောင်ရွက်သူများအနေနဲ့ နယ်မြေ လုံခြုံရေးအခြေအနေ အားနည်းချက်အပေါ် အခွင့်ကောင်းယူလုပ်ဆောင်နေကြ သဖြင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးကို ထိခိုက်စေလျက်ရှိပါတယ်။ တရားမဝင်လုပ်ငန်းဆောင်ရွက် သူများအနေနဲ့ နယ်မြေလုံခြုံရေးအခြေအနေအားနည်းချက်ကို အခွင့်ကောင်းယူ ၊ ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ မွန်၊ ကရင် ဒေသသုံးပစ္စည်းများ တင်သွင်းခြင်း၊ ပြည်တွင်းသို့တရားမဝင်သယ်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့က တာဝန် ပေးအပ်ထားတဲ့ စစ်ဆေးရေးအဖွဲ့များ ကလည်း အဖွဲ့အစည်းများနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှုအခက်အခဲကြောင့် ထိထိရောက်ရောက် ကြပ်မတ်ဆောင် ရွက်နိုင် မှုမရှိခြင်း ၊ ကုန်သွယ်မှု ပမာဏတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား နည်းခြင်း ၊ တရားမဝင်သွားလာနေမှုများကို ထိရောက်စွာ တားဆီးဆောင်ရွက် နိုင်ခြင်းမရှိတဲ့ အတွက် တရားမဝင် ဆောင်ရွက်သူများဟာ အတင့်ရဲပြီး ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြတာတွေ့ရပါတယ်။
တရားမဝင်သွားလာနေမှုများအား ထိထိရောက်ရောက် တားဆီးဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက်မှာ နှစ် နိုင်ငံကုန်သွယ်မှုအား တရားဝင်သတ် မှတ်ထားတဲ့ တံတားပေါ်မှသာ သွားလာဖြတ်သန်းနိုင်ရေး ၊ အခြားသောင်းရင်းမြစ်ကမ်းဂိတ်များမှ ကူးသန်းသွားလာမှုမရှိစေရေးအတွက် တစ်ဖက်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူများနဲ့ ညှိနှို င်း ဆောင်ရွက်ရန်နဲ့ တစ်ဖက်နိုင်ငံကတင်သွင်းလာတဲ့ ပစ္စည်းများအား မြဝတီမြို့တွင်းရှိ ဂိုဒေါင်များမှာ သိုလှောင်ခွင့်မပြုဘဲ၊ ကုန်သွယ်ရေးဇုန်ရှိ ပွဲရုံ၊ ဂိုဒေါင်များသို့တိုက်ရိုက်သယ်ဆောင် သို လှောင်နိုင်ရေး၊ တံတားကျိုးရှိ စစ်ဆေးရေးဌာနများအနေနဲ့ ကုန်သွယ်ရေးဇုန်မှ ဖြတ်သန်းတဲ့ ခွင့်ပြုလိုင်စင် ၊ ED / ID ပါရှိမှသာ ဖြတ်သန်းခွင့်ပြုရေး ၊ သင်္ဃန်း ညီနောင်-ကော့ကရိတ်-အာရှလမ်းသစ်မှ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုခဲ့သဖြင့် ကုန်တင်ယာဉ်များအား ထိန်းချုပ်စိစစ်နိုင်ရန်အတွက် တံတားကျိုးစစ်ဆေးရေးဂိတ်အား လမ်းဟောင်းလမ်းသစ်ဆုံရာ သို့ ပြောင်းရွှေ့စိစစ်ဆောင်ရွက်ရေး၊ ဒေသအာဏာပိုင်အဖွဲ့ အစည်း၊ လုံခြုံရေးအဖွဲ့အစည်းများ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့များအနေနဲ့ ရှောင်ကွင်းလမ်းအား ပိတ်ဆို့တားဆီးခြင်း၊ Mobile Team အား လုံလောက်သောလုံခြုံရေးအင်အားနဲ့ ကော့ကရိတ် သို့မဟုတ် ဂျိုင်းတံတား သို့မဟုတ် ဘားအံမြို့နယ်၊ဇာသပြင်နဲ့ ဘားအံလမ်းဆုံတို့မှတားဆီးဆောင်ရွက်နိုင်ရေး ပြည်နယ် တာဝန်ရှိသူများနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှသာ တရားမဝင်ကုန် စည်စီးဝင်နေမှု ၊ FDA ထောက်ခံချက် မပါရှိသောအေးခဲအသားများ စီးဝင်နေမှုများကို တားဆီးသွားနိုင်မယ်လို့ မြေပြင် အဖွဲ့များထံက စုံစမ်းသိရှိရပါတယ်။၂၀၁၂ ခုနှစ်ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ Mobile Team များမှ အများဆုံးဖမ်းဆီး ရမိတဲ့ ကုန်ပစ္စည်းအမယ်များ အနက် ခန့်မှန်းတန်ဖိုးကျပ် သန်းပေါင်း ၄၉၂၉ သန်းတန်ဖိုးရှိ ကျောက်စိမ်းနှင့် ကျောက် အမျိုးမျိုး၊ ကျပ်သန်းပေါင်း ၁၁၄၇၈ တန်ဖိုးရှိ မော်တော်ယာဉ်အမျိုးမျိုး၊ ကျပ်သန်းပေါင်း ၃၀၅၅ တန် ဖိုးရှိ မိုဘိုင်းဟန်းဆက်များ၊ ကျပ်သန်းပေါင်း ၁၃၂၅ တန်ဖိုးရှိ Ice ပုံဆောင်ခဲများ၊ ကျပ်သန်းပေါင်း ၂၄၀၃ သန်းတန်ဖိုးရှိ သစ်နှင့်သစ်တောထွက်ပစ္စည်း များ ဖြစ်ကြောင်း သိရှိရပါတယ်။
MIRT