၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်
ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့် အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။
CCMS စနစ်သည် စားသုံးသူတစ်ဦးမှ e-commerce နှင့်ပတ်သက်သည့် တရားဝင်တိုင် ကြားချက်မှန်သမျှကို အလွယ်တကူတင်ပြနိုင်ပြီး ဖြေရှင်းချက်ပေးနိုင်မည့် သက်ဆိုင်ရာကိုရှာ ဖွေနိုင်သည့် ဗဟိုပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
