ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အြေခအနေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၇၂၅၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆.၈၂၇)သန်း၊ သွင်းကုန်တန်ချိန် (၅၅၂၄)၊ (၆၃၂၅) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၉၅၃)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၅ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက်အက်ဆစ် တို့ဖြစ်ပြီး၊ အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ဆိုဒီယမ် ကာဗွန်နိတ်၊ အနံ့ရည်၊ ဆား၊ ရေခဲပုံး၊ ဆီလီကွန်၊ မီးသွေးမှုန့်၊ ထုံးမှုန့်၊ ကုန်စုံ တို့ဖြစ်ကြောင်း သိရှိရသည်။