၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) အရမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံးဆန်(အဖြူ) တန်ချိန်(၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန်(၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ ဆန်တင်ပို့ရောင်းချနိုင်မည့် ကာလမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိဖြစ်ကြောင်းလည်း သိရှိရသည်။
ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နှစ်ပတ်တာ ကာလအတွင်း မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၂၀၀) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။
လက်ရှိပေါက်ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့
မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်လုံးလျာထားချက် ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း အပေါ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ (၂၀၂၂ ခုနှစ်၊ ဧပြီလမှ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလပထမတစ်ပတ် ထိ) ပို့ကုန် (၁၂.၃၉၄) ဒေါ်လာသန်း၊သွင်းကုန် (၀.၀၃၉) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၂.၄၃၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ တစ်နှစ်ပတ်လုံးလျာထားချက်အပေါ် (၁၀၈)% ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၁၇-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် ( ၃၂ )စောင် (၀.၅၈၆)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁ )ရက်နေ့မှ (၁၇)ရက်နေ့ထိ ပို့ကုန်လိုင်စင် ( ၁ )စောင်နှင့် သွင်းကုန်လိုင်စင် ( ၄၁၅ )စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ (၁၇-၁-၂၀၂၃)ရက်နေ့တွင်
ကမ္ဘာ့ဘဏ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘူတန်နိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် ဖြစ်သော Mr.AbdoulayeSeck သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပြီး စီးပွားရေးတွင် ဘက်ပေါင်းစုံမှ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်သင့်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှ တဆင့်ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန် သွယ်ရေးစခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့/တင်သွင်း လျက်ရှိ သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းများကို အဓိက တင်ပို့နေသော စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ရေထွက်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးနီတူ ခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ငါးမုတ်နှင့် ငါးသလောက် တို့ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရေထွက်ပစ္စည်း အမှန်တင်ပို့နိုင်မှုမှာ တန်ချိန် (၈၆၇.၁၀၀)၊ တန်ဖိုး (၁.၀၅၈)ဒေါ်လာသန်းဖြစ်ပြီး၊ ယခင် ၂၀၂၁ခုနှစ် ကာလတူနှင့် နိုင်းယှဉ်ပါက တန်ချိန် (၆၄၂.၇၀၀) တန်၊ တန်ဖိုး (၀.၇၅၀) ဒေါ်လာသန်းတင်ပို့မှုလျော့နည်းခဲ့ပါကြောင်း တင်ပြလိုက်ရပါသည်။
