မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလထိ) ပို့ကုန် (၅၅၀.၁၁၈) ကန်ဒေါ်လာသန်း၊သွင်းကုန် (၁၀၃၂.၄၁၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅၈၂.၅၃၄)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ပါသည်။ ယခင်နှစ် ကာလတူ ပို့ကုန် (၇၇၂.၇၄၈) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၀၆၉.၉၉၄)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၈၄၂.၇၄၂) ကန်ဒေါ်လာသန်း ဆောင်ရွက်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှဒီဇင်ဘာလထိ) သည် ယခင်နှစ်ကာလတူထက် ပို့ကုန်(၂၂၂.၆၃၀)ကန်ဒေါ်လာသန်း၊သွင်းကုန် (၃၇.၅၇၈)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ (၂၆၀.၂၀၈) ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၅-၁၂-၂၀၂၂)မှ (၂၆-၁၂-၂၀၂၂)ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ Dried Drumstick Seed ၊ Nux Vonieca Seed တို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ကကတစ်၊ ငမုတ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ အများဆုံး ပို့ကုန်ပစ္စည်း ကတော့ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ရေထွက်တို့ဖြစ်သည်။
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့
မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် အုန်းသီးများအား ပြည်ပ ပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။
၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်
ကိုဗစ်အလွန် ကုစားမှု အစီအမံများမှတစ်ဆင့် ဖြစ်ပေါ်လာသော ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အနှောင့်အယှက်များနှင့် ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်လည်းကောင်း ၊ ယူကရိန်း-ရုရှား ဖြစ်စဉ်များကြောင့် သွင်းအားစုနှင့် စွမ်းအင်စျေးနှုန်းများ ပိုမိုမြင့်မားလာခဲ့ခြင်း ကြောင့် ဥရောပယူနီယံနိုင်ငံများ၏ ( EU ) လယ်ယာထွက်ကုန်ကဏ္ဍသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းကပင် စတင်၍ အပြောင်းအလဲဒါဏ်များကို အပြင်းအထန်ခံစားရလျှက်ရှိကြောင်း သိရှိရသည် ။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ဆန်ကွဲ၊ RUBBER R.S.S (3)၊နှံစားပြောင်း၊Concentrate Latex 60% DRC (ရော်ဘာကြမ်း)၊ပြောင်းတို့ကိုအဓိကထားတင်ပို့လျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်းတရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံပါမစ်ခွင့်ပြုချက်ဖြင့် ပြောင်းနှင့် ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်ကြံတင်ပို့မှုများလည်းများပြားလာလျက်ရှိပါသည်။ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် (၅-၁၁-၂၀၂၂) ရက်နေ့တွင် စတင်စမ်းသပ်တင်ပို့ခဲ့ပြီးကြံတင်ပို့မှုတိုးတက်များပြားလာလျက်ရှိပါသည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင် ပို့ကုန်တစ
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဆန် (၈)စီး၊ တန်ချိန် (၂၄၀.၂၅) တန်၊ တန်ဖိုး (၀.၀၈၉)ဒေါ်လာသန်း၊ ဆန်ကွဲ (၉)စီး၊ တန်ချိန် (၃၀၆) တန်၊ တန်ဖိုး (၀.၁၁၀)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၀)စီး၊ တန်ချိန် (၁၆၀)တန်၊ တန်ဖိုး (၀.၀၅၄)ဒေါ်လာသန်း၊ ပြောင်း(၃)စီး၊ တန်ချိန် (၇၀.၅၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ နှမ်းနက် (၃) စီး၊ တန်ချိန် (၉၇) တန်၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း၊ဖရဲသီး (၁) စီး၊ တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် ကြံ (၇၄) စီး၊ တန်ချိန် (၆၅၈) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း ၊စုစုပေါင်း (၀.၄၄၇)ဒေါ်လ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းမှ ဖမ်းဆီးရမိသည့် ရေထွက်ပစ္စည်းများအနက် ငါးမျိုးစုံ ကိုအဓိကဖမ်းဆီးကြသည်။ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သဖြင့် ပြည်တွင်းစားသုံးသူများ သာမက အိမ်နီးချင်းနိုင်ငံများမှာလည်း နှစ်သက်စွာစားသုံးကြသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက် ပစ္စည်းများအား ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန် သည့်ငါးမျိုးစုံမှာလည်း နေ့စဉ်နှင့်အမျှတင်ပို့နေရသည်။ ငါးမျိုးစုံတွင်အဓိကအားဖြင့် ငါးခွေးလျှာ၊ ပလာတူး၊ ငါးပလွေ၊ ငါးမျက်ကျယ်၊ ငါးဓါးလွယ်၊ ငါးခေါင်းပွ တို့မှာ အများဆုံးတင်ပို့ရသည့် ငါးအမယ်များ ဖြစ်ကြ သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့
မောင်တောကုန်သွယ်ရေးစခန်းမှ စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ဆီးယိုထုပ်များအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၁၉-၁၂-၂၀၂၂)မှ (၂၄-၁၂-၂၀၂၂)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ဆန်ကွဲ၊ မတ်ပဲ၊ ကြာဝတ်ဆံခြောက်၊ ပန်းဂေါ်ဖီ၊ ကြောင်လျှာစေ့ခြောက်၊ မြေပဲ၊ ဖရဲစေ့၊ ရော်ဘာ၊ နှမ်းတို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးပြေမ၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ CMP တင်ပို့မှုတွင် အမျိုးသားဝတ် ဘောင်းဘီတို၊ အမျိုးသမီးဝတ်
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။
ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့်လယ်ယာထွက်ကုန် အုပ်စုအောက်မှ တင်ပို့နေသည့် စစ်တုံဥတင်ပို့သည့်ပမာဏမှာ ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နိုဝင်ဘာ လတွင်တန်ချိန်(၅၈၄)တန်တင်ပို့နိုင်ခဲ့ပြီး၊ယခင်လအောက်တိုဘာလနှင့်နှိုင်းယှဉ်လျှင်တန်ချိန်(၂၆၃)တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၂ဆ ပိုမိုတင်ပို့နိုင်ခဲ့သည်။