DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်            

           မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှထွက်ရှိသည့် ကြက်သွန်နီများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်သည့်အတွက် ပြည်တွင်းဈေးကွက်တွင်သာမက အိမ်နီးချင်းနိုင်ငံများမှာလည်း ကြိုက်နှစ်သက် ကြပါသည်။စားဖိုဆောင်သီးနှံဖြစ်သည်နှင့်အညီ အိမ်တွင်းစားသုံးရန်အတွက်သာမက စားသောက်ဆိုင်များ၊  စားသောက်ကုန်လုပ်ငန်းများတွင်ပါ မရှိမဖြစ်လိုအပ်သည့်အမယ်ဖြစ်ပါသည်။

DotBorderdep

  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်   

           ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန် တစ်သျှူးငှက်ပျောကို နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၀) ရက်နေ့ထိ တန်ချိန် (၉၁၇၅) တန် အမှန်တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရှိရပါသည်။ လွန်ခဲ့ သော အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေဖြင့် (၃၃၅၀) တန်သာ တင်ပို့နိုင်ခဲ့သောကြောင့် တန်ချိန် (၅၈၂၅)တန် ပိုမိုတင်ပို့လာနိုင်ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ တစ်သျှူးငှက်ပျောထွက် ရှိသောရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လာမည့်ကာလများတွင် တင်ပို့မှုပိုမိုများလာနိုင် ကြောင်းသိရှိပါသည်။

DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်နေ့

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။

DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့

      ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ တတိယအပတ် အတွင်းတွင် အနွေးထည်နှင့်အနွေးစီးဖိနပ်အမယ်သစ် ကုန်စည်(၂)မျိုး ကိုတင်ပို့ခဲ့ကြောင်းသိရ သည်။

ကုန်သွယ်မှုပမာဏအားဖြင့်အနွေးထည်(၁၆၀၀)နှင့်အနွေးစီးဖိနပ်(၁၀၀၀)ပို့နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိ ကြောင်းသိရသည်။

DotBorderdep

   ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

DotBorderdep

       ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

       မူဆယ်နယ်စပ်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် တစ်တန်လျှင် (၉၅၄)ယွမ် ဈေးနှုန်းဖြင့် ပြောင်းချဉ်ဖတ် (၃၀၀) တန်၊ တန်ဖိုး (၂၈၆၂၀၀) ယွမ်ကို မော်တော်ယာဉ်(၁၀)စီးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

       အဆိုပါပြောင်းချဉ်ဖတ် တင်ပို့မှုအတွက် တရုတ်ဘက်မှ အခွန်သက်သာခွင့် Form E ခံစားခွင့် ရရှိခဲ့တယ် လို့သိရပါသည်။

DotBorderdep

        မြိတ်ဒေသသည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်သောနယ်စပ်မြို့ မဟုတ်သော်လည်း ရှေးယခင်ကတည်းကပင် ထိုင်းနိုင်ငံနှင့် ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက်သွယ်ကုန်သွယ်မှုပြုနိုင်သည့် မြို့ဖြစ်သည်။ မြိတ်ဒေသအတွက်လိုအပ်သော သွင်းကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်း လျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ရေလုပ်ငန်းသုံး ပစ္စည်းများ ငါးဖမ်းပိုက် ကွန် (၂)တန်၊ Diesel Generator (၆)လုံး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်သည့် သံချောင်း၊ သံပြား (၇)တန် နှင့် စက်သုံးဆီ (ဒီဇယ်+ဓာတ်ဆီ) (၁၃၅၀) တန် တင်သွင်းနိုင်ခဲ့သည်။ စက်သုံးဆီ ဒေသပေါက်ဈေး အနေဖြင့် ဓာတ်ဆီ တ