admin_ygn

ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဘူးသီးသည် ယခုအခါချင်းတိုင်းရင်းသားများ သာမက  အခြား တိုင်းရင်းသားများက ပင် အဆာပြေအဖြစ် စားသုံးမှုပိုမိုများလာသည့် အစားအစာတစ်မျိုးဖြစ်သည်။ဆာဘူးသီးစားသုံးသော ဓလေ့များ တစ်နေရာနှင့် တစ်နေရာ အခေါ် ဝေါ်ခြင်း မတူညီကြပေ။တီးတိန်စကား ဖြင့် ဘိုင်မကျင်းဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊  ကန်ပက်လက်နှင့် ပလက်ဝဒေသများ တွင် ဒေတွီဟုလည်းကောင်း၊  ဟားခါး စကားဖြင့် ဆာဘူးသီးဟုအမျိုးမျိုးခေါ် ဝေါ်ကြကြောင်း လေ့လာသိရှိရသည်။ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို

admin_ygn

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ကမာမွေးမြူ ရေးလုပ်ကွက် ၁၅၀ဝ၀ ကျော်အထိ တိုးလာကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။    ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှစတင်ကာ ကျောက်ဖြူနှင့်ဂွမြို့နယ်တို့တွင် ကမာမွေးမြူရေးလုပ်ကွက်ပေါင်း ၁၅၀ဝ၀ ခွဲခန့် စမ်းသပ်မွေးမြူခဲ့ရာ ထိန်း သိမ်းစောင့်ရှောက်စရိတ်သာ ကုန်ကျခဲ့ပြီး အစားအစာစရိတ်မကုန်ခဲ့သည့် အတွက် ယခုထပ်မံ၍  လုပ်ကွက်ပေါင်း ၁၅၀ဝ၀ ခွဲကျော်အထိ မွေးမြူလုပ် ကိုင်လာခြင်းဖြစ်ကာ လက်ရှိတွင် လုပ်ကွက်ပေါင်း၃၀ဝ၀ဝကျော်အထိရှိလာပြီဖြစ်ကြောင်း  ယင်းဌာနမှ  တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။    “ဒီကမာတွ

admin_ygn

ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ ပိဿာ အိတ် တစ်ပတ်လျှင် အိတ် ၂၀ဝ မှ ၃၀ဝ ခန့်ထိ ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့်ယခင်တစ်ပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ကျပ် ၁၃၀ဝ ၊ လက်လီဈေးမှာ ကျပ် ၁၆၀ဝ မှ ကျပ် ၁၈၀ဝ သာရှိခဲ့ပြီး ယခုတစ်ပတ်လက် ကား ဈေးမှာ ကျပ် ၁၃၀ဝ မှ ကျပ် ၁၅၀ဝ၊ လက်လီဈေးနှုန်းမှာ ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀ ဖြစ်သဖြင့် ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ချင်းရောင်းဝယ် သူတစ်ဦးထံမှ သိရှိရသည်။ကသာမြို့ပေါ်ရှိ  ဈေးနှင့် ကုန်စုံဆိုင်များသို့ အာလူး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာ ဘက်မှ ပိဿာ ၃၀ ပါ အိတ် ၁၀ဝ ခန့် ဝင်ရောက်လျက်ရှ

admin_ygn

ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ် ဆင့် တင်ပို့ပြီး အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှု အနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်။ မုံရွာ ကုန်စည်ဒိုင်ပေါက်ဈေးအရ  ဧပြီလက တစ်တင်းလျှင် ကျပ် ၄၁၀ဝ၀ သာဖြစ်ပေါ်ခဲ့ရာ ယခု ဇူလိုင်လဆန်းတွင် ပစ္စည်း အဝင် မရှိ တော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန်ပဲယင်းများကို တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ အထိ ရောင်းချရခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်း ကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက် သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။ပဲယင်း၏မူရင်းဒေ

admin_ygn

စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာအဓိထားပြီး အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်း ၁၉၉၂-၁၉၉၃ ခုနှစ်လောက်မှစ၍ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်။ စပါးကို နွေ၊ မိုး နှစ်ရာသီစိုက်ပျိုးနိုင် သည့်အတွက် တောင်သူများဝင်ငွေတိုးကာ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်သည်။ မိုးစပါးကို ယေဘုယျအားဖြင့် မေလမှစက်တင်ဘာလကုန်ထိ စိုက်ပျိုးကြ သည်။ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင် အဓိကရရှိမှ သာ အပင်အတွက် အစာချက်လုပ်နိုင်မည်ဖြစ်သည်။ သို့မှ သာ ကြီးထွားဖွံ့ဖြိုး၍ စပါးအထွက်တိုးနိုင်မည်ဖြစ်သည်။စပါး ပင် အနှံထွက်ပန်းပွင့်ပြီးနောက် ရက် ၃၀ မှ ၄၀ အတွင်

admin_ygn

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ကမ္ဘာတစ်ဝန်း COVID 19  ကူးစက် မြန်   အဆုတ်ရောင်ပြန့်ပွားမှု၊  ကပ်ဆိုး ရောဂါဖြစ်ပွားမှုနှင့်    အခြားသော ကန့်သတ်ချက် အခြေအနေများကြောင့် တရုတ်နိုင်ငံမှ မြန်မာ့ပို့ကုန်ပစ္စည်းများ တင်ပို့မှု ယာယီရပ်ဆိုင်းခဲ့ပြီး အခြားပို့ ကုန်ပစ္စည်းများ  ပြန်လည်တင်ပို့နိုင်ခဲ့ သော်လည်း ကဏန်း၊ ငါးရှဥ့် တင်ပို့မှု အား ဇွန် ၂၀ ရက်မှစ၍ ပြန်လည်တင်ပို့ နိုင်ခဲ့ပြီး ၂၇ ရက်အထိ ကဏန်းတန်ချိန် ၁၂၉ ဒသမ ၂၄၉ တန်၊ တန်ဖိုး  အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်း၊ ငါးရှဥ့်တန်ချိန် ၂၀ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ သုည ၈၃ သန်း တင်ပို့နိုင်ခ

admin_ygn

ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြဝတီကုန် သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၅  သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၉၇ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၂ ဒသမ ၂၆၂ သန်းဖြစ်ပြီး အနီးစပ် ဆုံး ယခင်တစ်ပတ် ဆောင်ရွက်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ၁၀ ဒသမ ၇၈၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်း တွင် သုည ဒသမ ၅၆၁ သန်း  ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၂၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်း မှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၆ ဒသမ ၆၃

admin_ygn

ရခိုင်ဒေသမှထွက်ရှိသည့်  ရေထွက်ကုန်များမှာ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်   ဈေးကွက်တစ်ခုအဖြစ်ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ  ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ ရေထွက် ကုန် တန်ချိန် ၂၇၁၁ ဒသမ ၈၀  တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ  ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချိုထွက်ကုန်   တင်ပို့မှုဈေး ကွက် ရရှိထားသောကြောင့်   ပြည်နယ် အစိုးရအဖွဲ့နှင့်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ &

admin_ygn

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည်သစ်တောထွက် သယံဇာတတစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာမြို့တစ်မြို့ဖြစ်သည်။ သဘာဝပျားရည်သည် စားသုံးရာတွင်အရသာရှိပြီး  ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင်ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင် အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိ ချောင်း ဆိုးရောဂါများကို သက်သာစေခြင်းနှင့်အစာကြေလွယ်၍  အိပ်ပျော် စေခြင်း စသည့်   ကျန်းမာရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝ ပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်း အင်း၊ နောင်ကော၊ နားပေါ်)တွင်  အဓိကထွက်ရှိပြီး တောင်သူများသ

admin_ygn

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လတတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၃၈၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ် းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၉၁၀ဝ၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက် ခဲ့သည်။ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၃၉၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ၉၀ဝ၀ ၊ ရှမ်း