admin_ygn

ကသာခရိုင်အတွင်းတွင်စိန်တလုံးသရက်သီး စိုက်ဧကအနေဖြင့် ၁၀၄၇ ဧကကျော် စိုက်ပျိုးပီးကသာမြို့နှင့်ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြသည်။တစ်ဧကလျှင် ပေ ၂၀ ပတ်လည် စိုက်ပျိုးပါက အပင် ၁၀ဝ ဝန်းကျင်  စိုက်ပျိုး နိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်သုံးနှစ်သားမှ လေးနှစ်သားတစ်ပင်လျှင် သရက်သီးအလုံး ရေ ၂၀ဝ ဝန်းကျင်ခန့် ထွက်ရှိပြီး ငါးနှစ်၊ ခြောက်နှစ်သား တွင် သရက်သီး အလုံးရေ ၃၀ဝ မှ ၄၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်း တွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်း

admin_ygn

တရုတ်နိုင်ငံ၏သွင်းကုန်ပစ္စည်းများတွင် ကွမ်းသီးနုနှင့် ကွမ်းသီးခြောက် တင်သွင်းခြင်းလုပ်ငန်းသည် အကြီးဆုံး ပြင်ပသွင်းကုန်လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်လာသည်။တရုတ်လူမျိုးများသည် ကွမ်းသီးများကို အရသာပိုကောင်းအောင်ပေါင်းစပ် ဖော်ထုတ်ပြီး အဆာပြေသရေစာအဖြစ် စားသုံးကြ သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် တစ်နှစ်လျှင်ယွမ်ဘီလီယံ ၃၀ အထိရရှိနေသည်ဟုသိရသည်။ တရုတ်ကွမ်းသီး အဆာပြေစာသည် တရုတ်နိုင်ငံတွင်သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက် နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံ များ တွင်ပါ ရေပန်းစားနေပြီး ဈေးကွက်ထိုးဖောက် ဝင်ရောက်နေပြီဖြ

admin_ygn

ရခိုင်ပြည်နယ်နယ်စပ်ဂိတ်မှဘင်္ဂလားဒေ့ရှ်သို့  တစ်လလျှင်ရေထွက်ကုန်တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှသိရသည်။ဧပြီလတွင်  ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါ ဥပုသ်ကာလဖြစ်ခြင်းကြောင့် တင်သွင်း မှုလျော့နည်းခဲ့သော်လည်းမေလတွင်ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိငါးမြစ်ချင်းမွေးမြူသူများထံမှရေလမ်း၊ ကုန်းလမ်းဖြင့်နယ်စပ်ကုန်သွယ်မှုပြန်လည်များပြားလာခဲ့ခြင်း ဖြစ်သည်။ရေထွက်ကုန်တိုက်ရိုက်တင်ပို့နိုင်သောရခိုင်ပြည်နယ်၊စစ်တွေနှင့် မောင်တော မြို့တို့သို့ရန်ကုန်မြို့မှငါးမြ

admin_ygn

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်အတွင်းရှိ   ကဏန်းပျော့ဈေးကွက်၌  ပြည်ပဝယ်လက်များကြောင့် အရောင်းအဝယ် တိုးတက်လျက်ရှိကြောင်း  ဒေသခံမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရသည်။အဆိုပါ ကဏန်းပျော့များကို  တရုတ်၊  ထိုင်ဝမ်၊  ဂျပန်၊ စင်ကာပူ၊ မလေးရှား အပါ အဝင် ဥရောပနိုင်ငံများသို့ပါ တင်ပို့နေခြင်းဖြစ်ပြီး တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ ဒေါ်လာကြား ရရှိကြောင်းသိရသည်။လက်ရှိတွင် ဈေးကွက်လိုအပ်ချက်ကြောင့်ကဏန်းပျော့များကို ပိုမိုတိုးချဲ့မွေးမြူလာကြပြီး ယခင်ကမွေးမြူလုပ်ကိုင်သူ၃၇ဦးခန့်ရှိရာမှ မေလအတွင်း ၅၅ ဦးခန့် ထပ်တိုး မွေးမြူလာ ကြကြောင်း သိရ

admin_ygn

၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝ ခန့် တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့  တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်ပြည

admin_ygn

ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင်  ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း   အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရခဲ့ပ

admin_ygn

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့်  အထူးတန်းဝင်  ကုန်းမြင့်ကော်ဖီ ပြည်ပတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာကြောင်း ယင်းမြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနမှ သိရသည်။ကိုဗစ်(၁၉)ကပ် ရောဂါကြောင့် ပြီးခဲ့ သည့်၂၀၂၁ခုနှစ်က ပြည်ပသို့     ကော်ဖီတင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်တင်ပို့နေရသည့်အခြေအနေကို   ပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံ ရှစ်နိုင်ငံသို့ တန် ၅၀ဝနီးပါး တင်ပို့လျက်ရှိကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။“ကော်ဖီတင်ပို့မှုက ခါတိုင်းထက်တော့ ဒ

admin_ygn

ပြည်ပဲမျိုးစုံဈေးကွက်၌ မတ်ပဲသီးနှံဈေးများ သင်္ကြန်ကာလမတိုင်မီ ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ ဗဟိုဘဏ် ၏ ဒေါ်လာငွေအပေါ်  မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှု များဖြစ်ပေါ်ခဲ့ကာ အခိုက်အတန့်  ဈေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများဈေးမြင့်တက်ခဲ့သည်။ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ကျပ် ၄၉၀ဝ၀ ဖြင့် လိုင်းသမား ပုံမှန် အဝယ်ရှိ၍  အိတ် ၂၀ဝ ကျော် နေ့စဉ် ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူ အချို့အနေဖြင့် ထုတ်ရောင်း ချမှုမရှိသေးဘဲ ဆက်လက်သိုလှောင် ထားရှိနေ ကြကြောင်

admin_ygn

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေးမြင့်မားမှုနှင့်  နိုင်ငံခြားငွေလဲလှယ်မှု ဈေးနှုန်းသက်ရောက်မှုများကြောင့်   မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ကာလတို  ခန့်မှန်းချက်များအရ  ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေမျိုးရှိ ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

admin_ygn

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။၂၀၂၂ ခု