ထိုင်းနိုင်ငံပြည်တွင်းစားသုံးသူများအတွက် အရေအတွက်လျော့နည်းမှုရှိနေသဖြင့် ထိုင်းနိုင်ငံမှပြည်ပသို့ ဝက်အရှင် တင်ပို့မှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလရပ်ဆိုင်းလိုက်ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ ဇန်နဝါရီ ၁၀ရက်တွင် အသိပေး အကြောင်း ကြားစာပေးပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့သည်။ဇန်နဝါရီ ၅ ရက်တွင်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှု ဈေးနှုန်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာထိုင်းနိုင်ငံ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr.
ဇွန် ၁၉ ရက်မှ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ဝ ဒသမ ၃၅၂ တန်ဖိုးရှိ နို့ဆီ ၂၆၆တန်အား ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် မလေး ရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ တင် သွင်းခဲ့ပြီး တင်သွင်းခဲ့သည့်အမျိုးအစား မှာ ABEVIA GOLD BRAND ဖြစ် ကြောင်း သိရသည်။ ယခင်သီတင်းပတ် တွင် နို့ဆီ ၃၁၈ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၅၂ တန် လျော့နည်း တင် သွင်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ငရုတ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ
သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန၏စာရင်းများအရ ကြက်မောက်သီး စိုက် ဧက ၄၃၇ ဧက၊ အထွက်နှုန်းမှာ ၈၉၀ဝ၀ ပိဿာခန့် ရှိကြောင်းသိရသည်။ အဆိုပါ စိုက်ဧကများအနက် မှ သထုံခရိုင် သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ စံပြ ကြက်မောက်သီး စိုက်ပျိုးရေး ဥယျာဉ်ခြံသို့ သထုံ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဧပြီ ၃ ရက် တွင် ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ခဲ့ရာ ကြက်မောက်သီးဒေသမျိုး နှစ်ဧကခန့် စိုက်ပျိုးထား ရှိပြီး အပင်သက်တမ်း ၁၁ နှစ်ခန့်ရှိကြောင်း သိရ သည်။ ကြက်မောက်သီးပင်များအား သဘာဝ ဓာတ်မြေသြဇာများ ဖော်စပ်၍ စနစ်တကျ စိုက် ပျိုးထားပြီး အရည်အသွေးကောင်းသ
ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်တွင် ယခုတစ်ပတ် နှမ်းနီသာ ဆီစက်လုပ်ငန်းရှင်နှင့် အောင်လံ ဝယ်လက် များကြောင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ အရောင်းအဝယ် နည်းပါးနေသည်။လတ်တလောကာလတွင် နှမ်းအဝင်မရှိဘဲ ယခင်လှောင်ထားသည့်နှမ်းများကို ပွဲရုံများမှထုတ်၍ ရောင်းချနေ သဖြင့် တစ်ရက်လျှင် နှမ်း ၄၅ ပိဿာဝင် အိတ် ၁၄၀-၁၅၀ ထိ အရောင်းအဝယ်ဖြစ်နေသည်။ ဇွန်လဆန်းတွင် နှမ်း ဈေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ်တစ်သိန်း၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။
ဝေဝေမင်း(ပြည်)
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ကြက် သွန်နီများ အရောင်းအဝယ် လက်လီသာ အဓိက ရောင်းချရ ပြီး ဈေးအေးနေကြောင်း ကြက်သွန်နီဈေးကွက်မှ စုံစမ်းသိရှိရ သည်။“လက်ရှိ ကြက်သွန်နီသစ်တွေ မြို့မဈေး၊ ပျံကျဈေးနှင့် လက်လီဈေးကွက်ကို အဓိကရောင်းနေကြပြီး အချို့ဒေသခံ များက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ရောင်းချတာမျိုး လည်းရှိတယ်။ ဈေးအေးသည့်အတွက် ကြက်သွန်နီအသုံးများ သူများက ပိဿာ ရာဂဏန်းအထိ ဝယ်စုကြတာမျိုးလည်း ရှိတယ်}”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ ကြက်သွန်နီ လက်လီတစ်ပိသာလျှင် ကျပ် ၄၀ဝ ပေါက်ဈေးရှိကာ လက်လီဈေးအေးနေကြောင်း ကြက် သွန်နီ လက်လီရောင်းသည့်အမျိုးသမီးတစ်ဦးထံမှ သိသည်။မကွေးတိုင်းဒေသကြီး ရေနံချေ