လူသားများအတွက် လွန်စွာဆေးဖက်ဝင်ပြီး များစွာအကျိုးပြု သည့် လျှော်ဖြူစေး(ခ) ဆေးကုလားမရရှိသော လျှော်ဖြူပင်၏ မူရင်း ဒေသမှာ မြန်မာနိုင်ငံဖြစ်သည်။ ၎င်းလျှော်ဖြူပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးရိုးမတောင်များအပြင် အနောက်ရိုးမအစပ်တောင်တန်းများနှင့် ရှမ်းရိုးမအစပ်တောင်တန်း များတွင် အများဆုံးတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများသည် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက် ဖြူနှင့် အညိုပင်စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝ 
ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်ပြီး တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းနိုင်ငံ၏မူဝါဒအရ ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များ ပြန်လည် တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ငါးလတာခန့် ဝယ်ယူမှု ရပ်ဆိုင်းလေ့ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လို အားများနေသည့်အတွက် ကြက်သွန်နီဈေးများ မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ယင်းကဲ့သို့ ဝယ်လိုအားများနေသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းအပြောင်း အလဲ ဖြစ်ပေါ်နိုင်သော်လည်း ယင်းအပြောင်းအလဲမှာ အိန္ဒိယ နိုင်ငံမှထုတ်ပြန်မည့် ကြက်သွန် နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင်လက်ရှိ ဖြစ်ပွားနေ သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်၌ ဝယ်လက်များ မရှိတော့သည့်အတွက် ဖရဲနှင့် သခွား မွှေး တန်ချိန် ခုနစ်သိန်းခန့်တင်ပို့ရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တညင်းကုန်းဈေး တိုက် ၁၇ သုံးလွှာ၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၀ ပြည့်နှစ်၌ ဖရဲတန်ခ
ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းသည် နိုင်ငံရေးဆိုင်ရာ အကျပ် အတည်းများ၊ စီးပွားရေးဆိုင်ရာအကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြပ်အတည်း၊ စားနပ်ရိက္ခာဆိုင်ရာ အကျပ် အတည်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအကျပ်အတည်း၊ ဘဏ္ဍာ ရေးဆိုင်ရာအကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း၊ လုပ်သားဆိုင်ရာအကျပ်အတည်း စသည်ဖြင့် အကျပ်အတည်းများသည်ပုံစံအမျိုးမျိုးဖြင့်ရှိနေကြသည်။ ထိုသို့သောအကျပ်အတည်းများ တွင် တူညီမှုများလည်း ရှိကြသည်ကိုတွေ့နိုင်သည်။ တူညီတတ်မှုများ မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ရုတ်တရက် ကြိုတင်မမျှော်မှန်းနိ
မိကျောင်းကွမ်းဖတ်စေ့သည် မြန်မာနိုင်ငံအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းရှိ ညောင်တုန်း၊ ကျောင်း ကုန်း၊ ပန်းတနော်မြို့များတွင် အလေ့ကျပေါက်လေ့ ရှိသော မိကျောင်းကွမ်းဖတ်ပင်က ရရှိသည့် အစေ့များဖြစ်ပြီး အင်္ဂလိပ် အခေါ် ရုက္ခဗေဒ အမည်အနေဖြင့် Hygrophila Phlomodies ဟု ခေါ်ဆိုသည်။ အဆိုပါ မိကျောင်းကွမ်းဖတ်စေ့များကို တရုတ်နိုင်ငံမှ ပရဆေးဖော်စပ်ရန်နှင့် အလှကုန်ပစ္စည်းများ ဖော်စပ်ရာ၌ အသုံးပြု ရန်အတွက် ဝယ်ယူမှုများရှိခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံသာမက အိန္ဒိယနိုင်ငံမှပါ ဝယ်လိုအားရှိလာသည့်အတွက် ရောင်းချနေသူ ကုန်သည်များက
မွန်ပြည်နယ်အတွင်း ဇန်နဝါရီ ၇ ရက်က ရော်ဘာရောင်းဝယ်မှုဈေးနှုန်းမှာ အစေး ရည်ဝယ်ယူခြင်း (%DRC; Dry rubber content) RSS-3 အဆင့် ရော်ဘာ ပါဝင်မှု ၁၀ဝ% အစေးရည်ပ ေါက်ဈေးမှာ တစ်ပိဿာ ၂၆၂၈ ကျပ် ဈေးနှုန်းဖြစ်ပေါ် နေသည့်အတွက် တစ်ပေါင်လျှင် ကျပ် ၇၃၀ နှင့် ျွှ-၃ မှိုင်းခံပြား တစ်ပေါင်ဈေး နှုန်းမှာ ကျပ် ၇၆၀၊ အရည်အသွေးကောင်း ဖိနပ်လိုင်း ရော်ဘာတစ်ပေါင် ဈေးနှုန်း မှာ ကျပ် ၈၅၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီ၂၁ ရက်တွင် RSS-3 အဆင့် ရော်ဘာပါဝင်မှု ၁၀ဝ% အစေးရည် ပေါက်ဈေးမှာ တစ်ပေါင်ကျပ် ၇၅၀၊ RSS-3 မှိုင်းခံပြားဈေးနှုန်းမှာ တစ်ပေါင် ကျပ် ၇၈၀ နှင့် အရည်အသွေးကောင်း ဖိနပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ပထဝီဝင်မြေအနေအထားအရ စီးပွားရေးဆိုင် ရာ မဟာဗျူဟာ (Strategic Location) ကျသော နေရာတွင် တည်ရှိပြီး နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက် ဘက်နယ်နိမိတ်တို့တွင် အာရှ၏မဟာအင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်ဆက်သွယ်လျက်ရှိသည်။ တရုတ်နိုင်ငံ အနောက်ဘက်ရှိ ယူနန် ပြည်နယ်သည် ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး ယင်းဒေသ၏ ထွက်ကုန်များကို ဥရောပ၊ အာဖရိက၊ အရှေ့အလယ် ပိုင်းဒေသများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် မြန်မာနိုင်ငံ၏ အနောက်ဘက် တစ်လွှားတွင် တည်ရှိသော ကမ်းရိုးတန်းဒေသများသည် ယင်း တို့
ဒီဇင်ဘာ ၂၉ ရက် မှ ဇန်နဝါရီ ၄ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၈၁၀ဝ တန်ဖိုးရှိ ဘိလပ်မြေ ၂၇၇ ဒသမ ၄၄ တန်ကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခု တစ်ပတ် ထိုင်းနိုင်ငံမှတန်ချိန် ၁၅၀ နှင့် မလေးရှားနိုင်ငံမှ ၁၂၇ ဒသမ ၄၄ တန်ကိုတင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်က ဘိလပ်မြေ၅၄ ဒသမ ၅၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင်တန်ချိန်၂၂၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၃ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၇၂၂၀ ကျော်ရှိ ခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၈
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်လျက်ရှိသော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၏ အောက်တိုဘာလ ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် သုံးလဆက်တိုက် ကုန်သွယ်မှု လျာထား ချက်များ ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ တွင် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၅၃ ဒသမ ၉၆ ရာခိုင်နှုန်း ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကို ကြိုဆိုလိုက်နိုင် ခဲ့သည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယခ