စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာသုညဒသမ ၄၃၀ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတန်ချိန် ၂၀၀ နှင့် မြဝတီကုန်သွယ် ရေးစခန်းမှ Rubber Latex 60% DRC အမျိုးအစားတန်ချိန်၂၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက တန်ချိန်၃၀၀ ကျော် ပိုမို တင်ပို့ နိုင်သည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမ ရှစ်လအတွင်း ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံရရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလာကြောင်း စိုက် ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါရရှိသည့်ကိန်းဂဏန်းသည် သြဂုတ်လတွင် ရရှိသည့် ကန် ဒေါ်လာ ၂၄၆ သန်း ပါဝင် သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၏ ၇၀ ဒသမ ၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းပြီး တန်ဖိုးအားဖြင့် ကန်ဒေါ
မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ မိုးရာသီဖြစ်နေသောကြောင့် အရောင်းအဝယ်ပါးကြောင်းသိရသည်။ ယခင်တစ် ပတ်မှာ ဈေးအနည်းငယ် မြင့်ခဲ့သော် လည်း ယခုတစ်ပတ်မှာ ဈေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ကြံ့ တစ်ကောင် (အပြာ)ကျပ် ၅၇၅၀၊ ဆင် မြန်မာကျပ် ၆၀၀၀၊ ကြံ့နှစ်ကောင် (နီ)ကျပ် ၆၀၀၀၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၆၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးဘိလပ်မြေဈေးကွက်၌ မိုးမပြတ်သေးသောကြောင့် အရောင်း အဝယ်ပါးကြောင်းသိရသည်။ ဈေးကွက်ထဲ စိန်ဘိလပ်မြေနှင့်ကျားခေါင်း ဘိလပ်မြေ တို့က ပစ္စည်းပြတ်နေပြီး ကမ္ဘောဇနှင့် ကြံ့ဘိလပ်မြေတို့က&
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်မင်း ဦးစီး၍ အကောက် ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကန်ပိုက်တီ နယ် စပ်ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ဟိုချောင်စစ်ဆေးရေးဂိတ်တာဝန်ခံ၊ မစ္စတာ ရန်ရှုံ ဦးစီးပြီး တာဝန်ရှိသူ ၁၅ ဦးခန့်တို့ဖြင့် စက်တင်ဘာ ၁၀ ရက်တွင် ဟိုချောင်စစ်ဆေးရေးဂိတ်၊ အစည်းအဝေး ခန်းမ၌ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ငမြှောင် တောင်ပိုးကျရောက်မှုမရှိသောကြောင့် ဖူးစားပြောင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ဖူးစားပြောင်းကို သီးညှပ်အဖြစ်လည်းကောင်း၊ သီးသန့်အဖြစ် လည်းကောင်း စိုက်ပျိုးကြကြောင်း ပြောင်းဖူး ကို သွားရေစာဈေးကွက်သို့ရောင်းချပြီး ဖူးစားပြောင်း အပင်ကို နွားစာအဖြစ် ကျွေးမွေးရန်အတွက် စိုက်ကြ ကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်တွင် လက်ရှိစိုက်ပျိုးရေးအခြေ အနေအားရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးအား မေးမြန်းရာ 'ကျွန်တော်တို့အုပ်စုမှာမိုးသီးနှံ တွေဖြစ်တဲ့ မြေပဲ၊ ဝါ၊ ဖူးစားပြေ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ ဂျပန်၊ ကိုရီယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့တင်ပို့ပြီး တရုတ်နိုင်ငံသို့ Synthetic ရော်ဘာ အမျိုးအစားတန်ချိန် ၅၀၀ ကျော်၊ဂျပန်နိုင်ငံသို့ MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီယားနိုင်ငံသို့ TSR-20 အမျိုးအစား တန်ချိန် ၂၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား တန်ချိန် ၆၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၇၈၇၆၂၈ တန်ဖိုးရှိ ဒီဇယ် ၄၀၄၅၇ ဒသမ ၇၁ တန်နှင့် အမေရိကန်ဒေါ်လာ ၁၆၁၃၇၅၆၈ တန်ဖိုးရှိ ဓာတ်ဆီ ၃၁၉၈၅ ဒသမ ၄၀ တန်၊ စုစုပေါင်း ၇၂၄၄၃ ဒသမ ၁၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၁၀၄၂၉ ဒသမ ၃၃ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၃၀၀၂၈ ဒသမ ၃၈ တန် တင် သွင်းမှုလျော့နည်းခဲ့သလို ယခင်သီတင်းပတ်ကတင်သွင်းခဲ့သည့် ဓာတ်ဆီတန်ချိန် ၃၃၀၇၆ ဒသမ ၁၃ တန်နှင့်နှိုင်းယှဉ်လျှင် ၁၀၉၀ ဒသမ ၇၃ တန် တင်သွင်းမှု လျော့ နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ ၈၂၁၆၈ ဧကရှိပြီး ၃၃၇၄၈ ဧကသာ ရိတ်သိမ်းပြီးစီးသည်ကို တွေ့ရသည်။ အထွက် နှုန်းမှာတစ်ဧကလျှင် ၁၀ ဒသမ ၀၁ တင်းထွက်ရှိသည်။ မိုးနှမ်းတစ်ဧက ကုန်ကျ စရိတ်အနေဖြင့် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၆၈၀၀၀ ဖြစ်၍ တောင်သူများအနေဖြင့် ယခုပေါက်ဈေးနှင့်ဆိုလျှင် အကျိုးအမြတ်များရှိနိုင်မည်ဟု ခန့်မှန်းရသည်။ ပြည်၊ အောင်လံကြားကျေးရွာများမှ မိုးနှမ်းအသစ်များကို တစ်နေ့ လျှင် အိတ် ၁၀၀ လောက် ဝင်ရောက်မှုရှိနေသည်။ ယခုတစ်ပတ်နှမ်း ဈေးများမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၄၇၀၀၀၊ နှမ်းနက်တစ်တင်းလျှင်ကျပ် ၇၀၀၀၀ရှိပြီး စမုံနက်နှမ်းမှာတစ်တင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် စက်တင်ဘာလ ပထမပတ်က တစ်တင်းလျှင် ကျပ် ၂၃၇၀၀ ထိ ကျဆင်းခဲ့သော မတ်ပဲသည် ဒုတိယပတ်တွင် ဈေးအနည်းငယ်ပြန်တက်လာခဲ့ရာ စက်တင်ဘာ ၁၂ ရက် တွင် ကျပ်၂၄၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ် လျှင် ကျပ် ၁၀၅၀၀ ဈေးဖြင့်လည်းကောင်း၊ ပဲငါးပိ (ဆီတိုးလုံးကြီး) တစ်တင်း လျှင် ၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်း တစ်တင်း လျှင် ကျပ် ၉၃၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများ ဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၉၀၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မှ တန်ချိန် ၁၂၆၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ တန်ချိန် ၁၂၀၀ ကျော်နှင့် ချင်းရွှေေ ဟာ်စခန်းမှ တန်ချိန် ၇၃၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၃၀ နှင့် မြဝတီကုန်သွယ်ရေးဇုန်မှဆန်ကွဲ တန်ချိန် ၈၀၀ နီးပါးတင်ပို
