admin_ygn

         ပြည်မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ ကြံခင်း၊ တောင်တွင်း၊ အောင်လံနှင့် ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်များ (ပွဲရုံ)သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး ရန်ကုန်၊ စစ်တွေ၊ ရခိုင်ဝယ်လက်များ မေလ(တတိယပတ်)မှာ ဝယ်လက်များ အစွဲရှိလာခြင်း ကြောင့် အရောင်းအဝယ်ပိုဖြစ်လာကြောင်းသိရသည်။ ယခုအပတ် ရန်ကုန်သို့ အများဆုံး တင်ပို့ရကြောင်းလည်းသိရသည်။  ဒေသတွင်းအရောင်းအဝယ်လည်း ရာသီဥတုဒဏ် ကြောင့် ပိုမိုရှိခဲ့ကြောင်း သိရသည်။ မန်ကျည်းမှည့်တစ်ပိဿာဈေး(ပွဲရုံဈေး) အစေ့လွတ် ကျပ် ၁၉၀၀ နှင့် (လက်လီဈေး)ကျပ် ၂၂၀၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

admin_ygn

         ပြည်ဒေသထွက် သံပရာသီးဈေးကွက် ယခုနှစ်မှာ အရောင်း အဝယ် ပိုဖြစ်ပြီး ဈေးကောင်းရလျက်ရှိသည်။ ဒေသတွင်းအထွက်လည်း များပြီး၊ နှစ်စဉ် ရန်ကုန်၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ယခုနှစ် သံပုရာ သီးစိုက်တောင်သူများ ဈေးကောင်းရရှိပြီး နယ်ဝယ် လက်တွေ ပိုမိုတင်ပို့ရခြင်းကြောင့်  ဒေသတွင်း သံပရာသီးဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိသည်။ လက်ကားသံပုရာသီး  ရာချင်းဈေး တစ်လုံးလျှင် ၅၅ကျပ်၊ ၆၅ကျပ်မှ ၈၀ ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီဈေးမှာ တစ်လုံးလျှင် ၈၀ကျပ်၊ ၁၀၀ကျပ်၊ ၁၅၀ကျပ်တို့ဖြင့် အသီးသီး ရောင်းချလျက်ရှိနေသည်။

 

admin_ygn

            ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီး ဝလံကုန်စည်ဒိုင်မှ  တရုတ်သို့ဖရဲသီးတင်ပို့မှုအနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်း ကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲတင်ပို့မှုမှာ နည်းသွားသော်လည်း  ဈေးေ ကာင်း ရနေသကဲ့သို့ သခွားနှင့်သရက်တင်ပို့မှုလည်း နည်းသွားကာ သရက်သီးမှာ ဈေးကောင်းဆက်လက်ရနေသည်။ မေ ၁ ရက်မှ ၇ ရက်အတွင်း ဖရဲကား ၅၄၂ စီး၊ တန်ချိန် ၆၄၅၃ တန်၊ ရွှေသခွားကားလေးစီး၊ တန်ချိန် ၄၃ တန်၊ သရက်ကားစီးရေ ၂၃၀၊ တန်ချိန် ၁၃၈၀၊ ကန်စွန်းဥကား ကိုးစီး၊ တန်ချိန် ၁၂၉ တန် ၊ နာနတ်သီးကားတစ်စီး၊ တန်ချိန် ၁၃ တန်တင်ပို့ရောင်းချခဲ့ကြေ

admin_ygn

           ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။

admin_ygn

        တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက်  လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။

admin_ygn

           ယခုရက်သတ္တပတ်အတွင်း မူဆယ်( ၁၀၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ တရုတ်သို့ ဖရဲသီးတင်ပို့မှုအနေဖြင့် ဖရဲ ကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာ  နည်းသွားသော်လည်း ဈေးကောင်းရနေသည်။ သခွားတင်ပို့မှုနည်းသွားပြီး ဈေးမှာအနည်းငယ်လျော့သွား သော်လည်း သရက်သီးတင်ပို့မှုမှာ တဖြည်းဖြည်းများလာပြီး ဈေးကောင်းရနေသည်။ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဖရဲကား ၁၁၀၅ စီး၊ တန်ချိန် ၁၃၁၃၆ တန်၊ ရွှေသခွား ၁၂ စီး၊ တန်ချိန် ၆၆ ဒသမ ၅ တန်၊ သရက်ကားစီးရေ ၄၀၆ စီး၊ တန်ချိန် ၂၂၉၆ ဒသမ ၅ တန်တင်ပို့ရောင်းချခဲ့ကြောင်း သစ်သီးဝလံ  ကုန်စ

admin_ygn

       မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ  ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆

admin_ygn

             နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည့် ချင်းရွှေဟော်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုတို့ အတွက် အဓိက ကျသည့်အချက်ဖြစ်ပါတယ်။ ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန် သွယ်မှုသာမက နိုင်ငံတကာနှင့် ကုန်သွယ် မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ် ရပ်ဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူး

admin_ygn

       မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့အကြား တည်ရှိကာ ကုန်သွယ်မှုအချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ၊ အနောက်ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။

admin_ygn

     အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီးများနဲ့ စိုက်ပျိုးလာတာ တွေ့ရ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကို အမျိုးမျိုး စီမံစားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန်ညင်းကို  အချဉ်တည်  စဉ့်အိုး များနဲ့လှောင်ပြီး  နှစ်ပေါက်ရောင်းချတဲ့သူများ ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး  ရက်ခြောက်ဆယ်ခူးဆွတ်ရောင်းချရတဲ့အတွက်  လျင်မြန်စွာ  ငွေဝင်တဲ့ သီးနှံဖြစ် ကြောင်းသိ ရပါတယ်။