admin_ygn

ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင် နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။  မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး  ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက်  စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ

admin_ygn

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

 

admin_ygn

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော  စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား  နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့်  ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေ

admin_ygn

အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက် တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

 

admin_ygn

မြန်မာနိုင်ငံသည် လူဦးရေ   ၅၄  ဒသမ၂၆  သန်းကျော်ရှိပြီး ကမ္ဘာတွင် လူဦးရေအလိုက်၌အဆင့်မှာ  (၂၆)တွင်ရှိသည်။  သို့ဖြစ်၍ ပြည်တွင်းဈေးကွက်အတွက် စားသုံးနှုန်းမှာ  မနည်းလှဟုဆိုနိုင် သည်။ မြန်မာနိုင်ငံသည်  ဆန်စားသုံးမှုတွင်ဆိုလျှင် ကမ္ဘာတွင် အတော်အတန်မြင့်မားပြီး လူတစ်ဦးစားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့၏ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိ သည်ဟုဆိုသည်။  အဆိုပါစားသုံးနှုန်းဖြင့်ဆိုပါက လူဦးရေ ၅၄ ဒသမ ၂၆ သန်းအတွက် ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဆန်ဖြင့်ပြုလုပ်သော    အခြားစားစရာများအတွက

admin_ygn

ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည် ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation o

admin_ygn

မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်တွင် နှမ်း မျိုးစုံ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  မိုးနှမ်း များ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဈေးကျသွား သည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၁ရက်တွင်  မကွေးကုန်စည် ဒိုင်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၉၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်း ဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၄၅၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ထိပ်စ ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စကျပ် ၁၂၈၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ် လျှင် ထိပ်စ ကျပ် ၁၂၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံး

admin_ygn

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားများထဲတွင်  တစ်ခုဖြစ်သည့် ကုန် သွယ်မှုကဏ္ဍကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တစ်ခု တည်းသာမက  စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဌာနများ၊ အသင်းအဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကုန်သွယ်မှုဆောင်ရွက်ရာမှာ ကုန်သွယ်ဖက်နိုင်ငံများစွာရှိသည့်အနက်  တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သာမက  နယ်စပ်ကုန်သွယ်မှုကိုပါ အများဆုံးဆောင်ရွက် လျက်ရှိသည

admin_ygn

ဇန်နဝါရီ ၂၆ ရက်မှ  ဖေဖော်ဝါရီ ၁ ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၄၂၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်  ဘိလပ်မြေတစ်မျိုးသာ  တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၅၈၀ ကျော်တင်သွင်း ခဲ့ခြင်းကြောင့်  ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့သည်။ ဇန်နဝါရီ ၂၅ ရက် မှ ၃၁ ရက်အတွင်း နယ်စပ်လမ်းမှဘိလပ်မြေအဝင်မှာ တန်ချိန် ၂၃၈၄၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၇၀ကျော်ရှိခဲ့ခြင်းကြောင့်   ယခုတစ်ပတ်မှ

admin_ygn

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊  ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန် သွယ်ရေးစခန်းမှ  ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၃၅၀ဝ နီးပါး