admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate အနီးရှောင် ကွင်းလမ်းပေါ်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် တရုတ်နိုင်ငံထွက် စားတော်ပဲ၊ ကြက်သွန်ဖြူနဲ့ ဝက်စာများ အပါအဝင် Iron Display ပြုလုပ်ရန် Angle Iron နဲ့ Iron Sheet များကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိတဲ့တရုတ်စားတော်ပဲ၊ တရုတ်ကြက်သွန်ဖြူနဲ့ တရုတ် ဝက်စာ၊ Angle Iron၊ Iron Sheet များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်နှစ်သိန်းငါးသောင်းဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအ

admin_ygn

   ၂၀၁၅ ဇန်နဝါရီလ ၁၃ ရက် ၂၄း၀၀နာရီချိန်တွင် နယ်စပ်ဂိတ်အမှတ် ၁ နှင့် နမ့်ဖာလုံဈေးအကြား နယ်စပ်အနီးတွင် လုံခြုံရေးတာဝန်ယူထားသော ရှေ့တန်း စစ်ကြောင်း၊ လုံခြုံရေးတပ်စုအခြေပြုရာ ကင်းစခန်းရှေ့မှ ဆန်အိတ်များသယ်ဆောင်လာသည်ဟုပြောပြီး ဆူဒိုအဖက်တမင်းဆေးပြားအိတ်များသယ်ဆောင်သွားကြောင်း၊ တမူးမြို့နယ်မူးယစ် ရဲတပ်ဖွဲ့မှ သတင်း ရရှိခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တမူးမြို့၊ ဈေးတန်း (၈)ရပ်ကွက်ရှိ  ဦး xxx နေအိမ်အနောက်ဘက်တွင် သိုဝှက်ထားသည့် ဆူဒိုအဖက်တမင်းဆေးပြား ၁၅ သိန်း၊ တန်ဖိုး ရူပီးသိန်း ၁၂၀  (ကျပ် ၁၈၉၆ သိန်း) ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ ဆူဒိုအဖက် တမင်းဆေးပြားသည် စိတ်ကြွဆးထုတ်လုပ

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Asia World Toll Gate  အာသောကဆီဆိုင်အနီး ရှိ ရှောင်ကွင်းလမ်းမှ ပိုးသတ်ဆေး ၁၅ ဖာကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ပိုးသတ်ဆေးဖာများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သုံးသိန်း သုံးသောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA

admin_ygn

   အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ အာသံတပ်ဖွဲ့တို့ ပူးပေါင်းပြီးဇန်နဝါရီလ ၅ ရက်မှ ၈ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၁၉၈ ဧကကို ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ထိုဘိန်းခင်းမှ ဘိန်း ၂၅၇၉ ကီလိုဂရမ်ခန့်ထွက်ရှိနိုင်ပြီး တန်ဖိုးအားဖြင့် ရူပီး ၁၅၄၄ သိန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဘိန်းစိုက်ပျိုးမှုများအား ထပ်မံရှာဖွေ ဖျက်ဆီးရန် နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စီစဉ်နေတယ်လို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

နေထက်မင်း၊ တမူး    

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ ၃ ရက်မှ  ၉ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၈၇ သန်းတန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုးစုံ  ၁၂၃၅ တန်ကျော်၊ ကင်းမွန်  ၂၅ တန်ကျော်၊ ပုစွန်  ၃ တန်ကျော်နဲ့ ကဏန်း ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၈၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သော လယ်ယာ ထွက်ကုန်ကို ကန်ဒေါ်လာ  ၁ ဒသမ  ၇၆၀ သန်း၊ တန်ချိန် ၂၇၀၇ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း တင်ပို့နိုင်သော လယ်ယာထွက်ကုန်များမှာ မြေပဲဆံ  ၅၅၀ တန်ကျော်၊ ပဲတီစိမ်း  ၃၅၁ တန်၊ ငရုတ်သီးခြောက်  ၁၈၄ တန်ကျော်၊ ကြက်သွန်နီ ၁၂၉၈ တန်ကျော်၊ နှမ်းနက်  ၆၈ တန်ကျော်၊ မတ်ပဲ  တန် ၂၁၀ ကျော်၊ သီဟိုစေ့ ၈ တန်ကျော်၊ ချင်းခြောက်  ၇တန်ကျော်၊ နနွင်းတက်  ၂၁ တန်နဲ့ နွယ်ချို  ၇ တန်ကျော် ဖြစ်ပါတယ်။

admin_ygn

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၁၅၃၃၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၃၇ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးနိုဝင်ဘာလမှာ ၁၆ တန် တင် ပို့ခဲ့ပြီး ယမန်နှစ်ကာလတူမှာတော့ ၁၆ တန်ခွဲတင်ပို့ခဲ့တာတွေ့ရပါတယ်။

    မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကိုတင်ပို့ရောင်းချကြတာလို့သိရပါတယ်။      

မော်မော်အောင် MIRT (DCCA)

 

admin_ygn

   ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံ ကိန်းရှိ နယူးစတားလိုက်ပိုင်ဆင်းရွှေလီခန်းမတွင်  နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များ ဆွေးနွေးပွဲ အခမ်းအနားကို  ဇန်နဝါရီ ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

   ရှေးဦးစွာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပါမောက္ခဒေါက်တာအောင်ထွန်း သက်က ''Opportunities of Cross-Border Trade''  (နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

admin_ygn

   အခကြေးငွေယူဆောင်ပြီး ဝန် ဆောင်မှုလုပ်ဆောင်နေတဲ့ အေးဂျင့်များဟာ ကားပေါ်ပါကုန်ပစ္စည်းများကို စတင်စစ်ဆေးသည်မှ ကားထွက်ခွာသည်ထိတာဝန်ရှိပါကြောင်း၊ မိမိတာဝန်ယူထားတဲ့ ကားတစ်စီးထွက်ရှိအောင် မိမိကားပေါ်ပါလာတဲ့ ပစ္စည်းများနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မိတ္တူ အကုန်လုံးသေချာ အောင်စိစစ်ပြီးပစ္စည်း သယ်မဲ့ယာဉ် ယာဉ်မောင်းထံအပ်နှံရမှာဖြစ်ကြောင်း၊ ယာဉ်မောင်းအနေနဲ့ကလည်း မိမိကား ပေါ်ပါလာတဲ့ ပစ္စည်းအမျိုးအစား အားလုံးနဲ့ စာရွက်စာတမ်းကိစ္စကိုမသိရှိပါကြောင်း၊ တာဝန်ရှိသူ က စစ်ဆေးမှသာ ဟိုစာရွက်မပါ ဒီစာရွက်မရသေးဘူးဆိုတာ မကြာခဏ ကြုံတွေ့နေကြောင်း၊ စည်းကမ်းရှိရှိ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အလွယ်တကူ အဓိ

admin_ygn

   ဒီဇင်ဘာ ၃၁ ရက်နေ့က မောင်တောမြို့ ဒေဝါနဒီအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏလျာထားချက်အပေါ်  အမှန်ဆောင်ရွက်နိုင်မှု  လေ့လာ ကြည့်တဲ့အခါ ကုန်သွယ်မှုပမာဏများကို လအလိုက် ကျော်လွန်ပြည့်မီအောင် ဆောင်ရွက်နိုင်တာတွေ့ရကြောင်း၊ ကုန်သွယ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ မောင်တောကုန်သည်ကြီးများအသင်းနဲ့ လုပ်ငန်းရှင်များ အမြဲမပြတ်ပေါင်းစပ်ဆောင်ရွက်နေတာ တွေ့ရှိနေရကြောင်း၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှ