admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက ၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အတွင်း မှာ တန်ချိန် ၁တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂၄ ရက်မှ  ၃၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၄၅၂ တန်ကျော် နဲ့ မြေပဲဆံ ၄၇၉ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ကြက်သွန်နီတန် ၈၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး မြေပဲဆံ ၅၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါ တယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မဏိပူရပြည်နယ် ထိုဘားခရိုင် လီလွန်ဒေသရှိ အမှတ်(၄၀) အာသံတပ်ဖွဲ့စခန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အာသံတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့က ပြုလုပ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ် The Sangai Express  သတင်းစာမှာဖော်ပြထားပါတယ်။ အင်ဖာနဲ့ မိုရေးမြို့အကြား အကြမ်းဖက်မှုနဲ့ လမ်းပိတ်ဆန္ဒပြမှုများကြောင့် အင်ဖာ-မိုရေးကုန်သွယ်ရေးမှာ အခက်အခဲများနဲ့ရင်ဆိုင်နေရပြီး ဆန္ဒပြမှုများလည်းထပ်မံဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းဖော်ပြထားပါတယ်။

admin_ygn

   ပို့ကုန်အမှန်တင်ပို့ဆောင်ရွက်ရာတွင် ED Balance ဖြတ်ပိုင်းဖြတ်ရာ၌ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအတိုင်းဖြတ်ခြင်းမရှိကြောင်းကြားသိရတဲ့အတွက် ယာဉ်စစ်ဆေးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ် ဆေးဆောင်ရွက်သွားရန်နဲ့ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း Balance ဖြတ်ခြင်း ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များအပိုင်းမှ ယာဉ်ပေါ်ပါကုန်ပစ္စည်းအရေအတွက်အတိုင်း ED / ID Balance ဖြတ်ခြင်းအား မှန်မှန်ကန်ကန်ဆောင်ရွက် သွားရန်လိုကြောင်း တမူးနယ်စပ်မှာကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံမှပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ  နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန်တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက် တင်ပို့နိုင်မှုများမှာ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ် စခန်းမှ တန် ၁၀၀၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။ ယခု သီတင်းပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၃၁ သန်းတန်ဖိုးရှိ ဆန် ကွဲ ၁၁၄၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းဖိုးရှိ ကောက

admin_ygn

   ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အနေဖြင့် ဆောင်းပြောင်းများစတင်တင်ပို့လာနိုင်မည်ဖြစ်ပြီး  ပြောင်းကုန်သည်များမှ မိမိတို့ပြောင်းအရည်အသွေးထိန်းသိမ်းပြီး တစ်ဖက်ကုန်ဝယ်သူများ စိတ်ကြိုက်တွေ့ရန် ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ဦးဇော်ဝမ်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းပါက ဈေးကွက်ရရှိမှုအပြင် ဈေးကောင်းလည်းရရှိလာမည်ဖြစ်တဲ့အတွက် ဂရုပြုဆောင်ရွက်သွားရန် ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား ခဲ့တယ်လို့သတင်းရရှိပါတယ်။

ခင်မိုးသူ MIRT (DCCA)

 

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးနဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ရက် သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့တန်ချိန် ၃၆၅၅၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေဟော် စခန်းနှစ်ခုမှ ပြောင်းဖူးစေ့ ၃၀၆၄၆ တန်သာတင်ပို့ခဲ့လို့ ယခုရက်သတ္တပတ်မှာ  တရုတ်နယ်စပ်ကပြောင်းတင်ပို့မှုတွေပိုမိုလာတယ်လို့ဆိုရပါမယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်း တစ်တန်ဈေးဟာ ယခင်တစ်ပတ်က ၂၇၁၁၈၂ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာတော့ ၂၇၈၂၀၇ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ အရည်အသွေးပြည့်

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော်စခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၅၃ သန်း တန်ဖိုးရှိ ရော်ဘာ ၉၅၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ် ၁၀၅ မိုင်မှ RSS - 3  ၇၇၅ တန်ကျော်နဲ့  MSR -20 ၆၇ တန်တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် ၂၆၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ RSS - 3 ၁၁၁ တန်တင်ပို့နိုင်ပြီး ယခုတစ်ပတ်မှာ ၁၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ စီမံကွပ်ကဲမှုနဲ့ မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအား စစ်တောင်းတံတားဟောင်းသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ Mobile Team အဖွဲ့ လရ-၂ သည်  ယာယီအခြေပြု၍ ဆောင် ရွက်လျက်ရှိပါတယ်။

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အားရှောင်ကွင်းပြီး တရားမဝင်ကုန်သွယ်မှုများပြုလုပ်လျက်ရှိကြောင်းသတင်းများအရ မြေပြင်စုံစမ်းမှုများ အချိန်ယူပြုလုပ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ယာယီသိုလှောင်ထားတဲ့ မော်ထောင်ကျေးရွာအနီးရှိနေရာအား ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှာဝင်ရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ အကောက်ခွန်မဲ့ပစ္စည်း ၁၀ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၆၅ သိန်းကျော်ဖိုးအားသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အကောက်ခွန်မဲ့ပစ္စည်းများနဲ့ အတူ မြန်င်ငံအတွင်း တရားမဝင်ဖြန့်ဖြူးရန်သယ်ဆောင်လာသော High Commissioner ပုလင်း ၁၉၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါ