ကျပ် ၁၆၅ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းမျိုးစုံနဲ့အတူ တစ်ဖက်နိုင်ငံလုပ်အရက်အတုများအား စစ်ဆေးသိမ်းဆည်း

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အားရှောင်ကွင်းပြီး တရားမဝင်ကုန်သွယ်မှုများပြုလုပ်လျက်ရှိကြောင်းသတင်းများအရ မြေပြင်စုံစမ်းမှုများ အချိန်ယူပြုလုပ်ပြီး တရားမဝင် ကုန်ပစ္စည်းများ ယာယီသိုလှောင်ထားတဲ့ မော်ထောင်ကျေးရွာအနီးရှိနေရာအား ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်မှာဝင်ရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ အကောက်ခွန်မဲ့ပစ္စည်း ၁၀ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၁၆၅ သိန်းကျော်ဖိုးအားသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အကောက်ခွန်မဲ့ပစ္စည်းများနဲ့ အတူ မြန်င်ငံအတွင်း တရားမဝင်ဖြန့်ဖြူးရန်သယ်ဆောင်လာသော High Commissioner ပုလင်း ၁၉၀၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အရက်များကို စိစစ်ရာမှာ အရက်တုများဖြစ်ကြောင်းတွေ့ရှိရပြီး သောက်သုံးသူများအတွက် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်တဲ့အပြင် တရားဝင်ကိုယ်စားလှယ် တင်သွင်းခွင့်ရထားသော ကုမ္ပဏီများအကျိုးထိခိုက်စေနိုင်မှာဖြစ်ပါတယ်။

   အခြားတရားမဝင်အကောက်ခွန်မဲ့သိမ်းဆည်းရမိပစ္စည်းများက တော့ နာရီမျိုးစုံ ၄၉၀ လုံး၊  ကာဆီယိုဒစ်ဂျစ်တယ် ဂဏန်းပေါင်းစက် ၂၄၀၀ ခု၊ Bolt & Nut ၅၀ ကီလိုဂရမ်ပါ ၁၃၂ အိတ်၊  ဖုန်းအင်တာနာ (ကြိုး ပါ) ၁၅၀ ခု၊ Hot Stamping Foil ၂၄၀ ကီလိုဂရမ်၊ Zipper MBB ခဲပါ ကင်အိတ် ၉၆ ဖာ၊ ဆိုးဆေးမှုန့် (Mepiquat Chloride) ၂၆ ကီလိုဂရမ်ပါ ၂၅ ပုံး ၊  High Pure Zinc Oxide ၂၅ ကီလိုဂရမ်ပါ ၁၀ အိတ်အသီးသီးဖြစ်ပါတယ်။

  သိမ်းဆည်းရမိအကောက်ခွန်မဲ့ပစ္စည်းများနဲ့ အရက်အတုများကိုလုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်၍ဖျက်ဆီးမှု၊ လွှဲပြောင်းမှုများကိုလုပ်ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။

DCCA