နယ်စပ်စခန်းများမှ ဇန်နဝါရီလအတွင်းဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲပိုမိုတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်စခန်းများမှ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၁၁၆ တန်တင်ပို့ခဲ့ပါတယ်။တန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဒသမ ၆၈၇ သန်းဖိုးဖြစ်ပြီး စခန်းအလိုက် တင်ပို့နိုင်မှုများမှာ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၅၀၄၀ တန်၊ ဧည့်မထဆန် ၈၅၃၅ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၅၄၁ တန်နဲ့ လွယ်ဂျယ် စခန်းမှ တန် ၁၀၀၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၄၀၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မောင်တောစခန်းမှ ဆန်တင်ပို့မှုမရှိခဲ့ပါဘူး။ ယခု သီတင်းပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၃၁ သန်းတန်ဖိုးရှိ ဆန် ကွဲ ၁၁၄၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းဖိုးရှိ ကောက်ညင်းဆန် ၅၈၇ တန်၊ ချင်းရွှေဟော်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၁၁၃ သန်းဖိုးရှိ ဆန်ကွဲ ၃၄၈ တန်တင်ပို့ခဲ့ပါတယ်။
ဇန်နဝါရီလ တစ်လလုံးအတွက်ကတော့ မြန်မာ-တရုတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄၇ ဒသမ ၆၉၁ သန်းဖိုးရှိ ဆန်ဖြူ ၁၃၁၃၉၁ တန် ကျော် နဲ့ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ရှိ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းဖိုးရှိ ဧည့်မထဆန် ၁၂၅ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီး စပ်ဆုံး ဒီဇင်ဘာတစ်လလုံးမှာ မြန်မာ-တရုတ် နယ်စပ်မှ ဆန်တန်ချိန် ၁၆၉၁၃၄တန်တင်ပို့နိုင်တဲ့အတွက် ဇန်နဝါရီလမှာ ၃၇၇၄၃ တန်လျော့နည်းတင်ပို့ ခဲ့ပါတယ်။ ဇန်နဝါရီတစ်လလုံးမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၄၄၅ သန်း ဖိုးရှိ ဆန်ကွဲ ၅၀၆၆၇ တန်ကျော်ကို မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းများမှတင်ပို့ခဲ့ပြီး ယခင်လထက် ၂၂၀၈၂ တန်ခန့် ပိုမိုတင်ပို့ထားကြောင်းသိရပါတယ်။
ယဉ်ယဉ်အေး MIRT (DCCA)