admin_ygn

  တစ်ဖက်နိုင်ငံမှ တရားမဝင်အကောက်ခွန်မဲ့တင်သွင်းထားသော ကုန်ပစ္စည်းများ၊ ကန့်သတ်တားမြစ်ကုန်များအား  သထုံ-ကျိုက်ထို-ပဲခူး-ရန်ကုန်လမ်းကြောင်း အတိုင်း ဒေသ ထွက်အဖြစ်ကြေညာပြီး တရားမဝင်သယ်ဆောင်မှုများရှိနေကြောင်းသတင်းများရရှိတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကွပ်ကဲမှုရုံး (ရန်ကုန်) ရဲ့ ညွှန် ကြားချက်အရ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့ဟာ စနစ်တကျစစ်ဆေးမှုများကိုပြုလုပ်လျက်ရှိနေပါတယ်။

admin_ygn

  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဇန်နဝါရီလ ၂၁ နဲ့ ၂၂ ရက်နေ့များ တွင်မော်တောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ နာရီမျိုးစုံ၊ ဂဏန်းပေါင်းစက်၊ အရက်ဖာ၊ မူလီနဲ့မူလီခေါင်း၊ ဖုန်းအင်တာနာတိုင်၊ မော်တော်ဆိုင် ကယ် ဆောင်းဘောက်စ်၊ ကားခြေနင်း၊ EVD၊မော်တော်ကားစပီကာ၊ ကားကူရှင်အစွပ်၊ ဖုန်းအားသွင်းစက်၊ Motor Car Stereo Cover Solar၊   ကားရှေ့မီးကာဗာ၊ ကားတံခါး၊ လက်ကိုင်ကာဗာ၊ ကားဘန်ဘာထိပ်၊ ကားမှန်နေကာ၊ Solar with Power Bank၊ Engine Cleaner၊ နားကြပ် နှင့် အားသွင်းကြိုးခေါင်း၊ Leather Polish Sprayစတဲ့ တရားမဝင်အကေ

admin_ygn

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒုညွှန်မှူးဦးစီးတဲ့အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၀၆း၃၅ ချိန်တွင် မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်ရှဲလ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှ ဖိနပ်အိတ် (ကျား/မ လူကြီးကလေးဆိုဒ်စုံ) ၊ စောင်ထုပ်၊  အထည်မျိုးစုံ၊ ဓာတ်ဘူး၊ ကြွေပုဂံလုံးနဲ့ ကြွေပန်းအိုးစတဲ့ လူသုံးအိမ်သုံး ပစ္စည်း ၃၄ မျိုးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ လူသုံးအိမ်သုံးပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၂ ဒသမ ၂၄၆ ခန့်ဖြစ် ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

admin_ygn

   အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၀၆း၃၀ ချိန်တွင် မူဆယ် Mobile Team အဖွဲ့မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည် Hiace မှန်လုံယာဉ်အမှတ် (8J/xxxx) အားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ပိုင်ရှင်မဲ့တင်ဆောင်လာတဲ့တရုတ်နိုင်ငံထုတ်အပင် ပိုးသတ်ဆေး၊ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ အထည်ထုပ်စုစုပေါင်း ၁၉ မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၈ ဒသမ ၇၆၅ ခန့် ကို သိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူထားတယ် လို့သိရပါတယ်။

DCCA

admin_ygn

   ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ မန္တလေး Mobile Team ရွှေကြက်ယက်ဆိပ်ကမ်းနယ်မြေမှာတာဝန်ထမ်းဆောင်လျက်ရှိသော Mobile Team မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးဆောင်သောအဖွဲ့ဟာ ဆိပ်ကမ်းတစ်လျှောက်လှည့်လည်စစ်ဆေးစဉ် ဂေါ်ဒန်ဆိပ်ကမ်းနံဘေးမှာ မသင်္ကာဖွယ်ရာစုပုံထားတဲ့ ကျောက်အိတ်များတွေ့ရှိရကြောင်း သတင်းပေးပို့ချက်အရ Mobile Team  မန္တလေးတာဝန်ခံ ညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သွားရောက်စစ်ဆေးခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဇန်နဝါရီလအဓိကပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ဖြစ်ကြပါတယ်။ အဓိကသွင်းကုန် ကတော့ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ယာဉ်ယန္တရားများဖြစ်ကြပါတယ်။ ဇန်နဝါရီ လမှာ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၃၈၃ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၆၅ သန်း ဆောင်ရွက်နိုင်သဖြင့် ယမန်နှစ်အလားတူကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၃၇ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၈၈၆  သန်းပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှသိရပါတယ်။ ပို့ကုန်ပိုင်းမှာ ယမန်နှစ

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ငါးမှုန့် တန် ၈၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ယခင်တစ်ပတ်ထက် တန် ၈၃၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာလည်း တန်ချိန် ၁၆၅၀ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၁၅ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလမှာကန်ဒေါ်လာသုည ဒသမ ၁၂၈ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၈၈၂ တန်ကျော်တင်ပို့ ခဲ့ပြီး အနီးစပ်ဆုံးဖြစ်တဲ့ ဒီဇင်ဘာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန် ၅၂၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုလနဲ့ ယခင်လ နှိုင်းယှဉ် ပါက ကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်း တန်ချိန် ၃၆၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ဇန်နဝါရီလရဲ့ အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်းစေ့ ၇၇၈ တန်၊ ဇီးသီး ခြောက် ၅၆ တန်၊ မန်ကျည်းဖတ် ၂ တန်ကျော်နဲ့ နနွင်းတက် ၄၆ တန် တို့ ဖြစ်ကြပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကင်းမွန် မျိုးစုံဖြစ်သော ကင်းမွန်ခြောက် ၃၇ တန်ကျော်၊ ကင်းမွန် ၉ တန်ကျော်၊ ကင်းမွန်ခေါင်း ၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၆၀၆ တန်ကျော်၊ ငါးမှုန့် ၁၆၅၀ တန်၊ ကဏန်းပျော့ ၅၅ တန်ကျော်၊ ရေငန် ပုစွန်တန် ၈၀ နီးပါး၊ ကဏန်းနီတန် ၉၀ နီးပါး၊ ပုစွန် ၇၄ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ပုစွန်ခြောက် ၃ တန်ကျော်၊ ရေခူခြောက် ၇ တန်နီးပါး၊ ငါးခြောက် ၂ တန်ကျော်၊ ကဏန်းသေးအသေ ၅ တန် ကျော်နဲ့ သဲကဏန်း ၃ တန်ကျော်တို့ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၀၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူးငှက်ပျောတန်ချိန် ၇၀၀၀ ကိုတင်ပို့ခဲ့ပါတယ်။ ကချင်ပြည် နယ်ဒေသထွက်တစ်သျှူးငှက်ပျောတစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးဟာ ကျပ် တစ်သိန်းခွဲဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)