တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်များအပါအဝင် အိမ်သုံးကုန်များစွာနဲ့ ကုန်တင် ၁၂ ဘီးယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း
တစ်ဖက်နိုင်ငံမှ တရားမဝင်အကောက်ခွန်မဲ့တင်သွင်းထားသော ကုန်ပစ္စည်းများ၊ ကန့်သတ်တားမြစ်ကုန်များအား သထုံ-ကျိုက်ထို-ပဲခူး-ရန်ကုန်လမ်းကြောင်း အတိုင်း ဒေသ ထွက်အဖြစ်ကြေညာပြီး တရားမဝင်သယ်ဆောင်မှုများရှိနေကြောင်းသတင်းများရရှိတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကွပ်ကဲမှုရုံး (ရန်ကုန်) ရဲ့ ညွှန် ကြားချက်အရ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့ဟာ စနစ်တကျစစ်ဆေးမှုများကိုပြုလုပ်လျက်ရှိနေပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှာ ဒေသသုံးကုန်ပစ္စည်းများတင်ဆောင်ဝင်ရောက်လာတဲ့ ဖူဆို ၁၂ ဘီးယာဉ်အား စစ်ဆေးရာမှာ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ၊ ကန့်သတ်တားမြစ်ထားသော တန်ဖိုးကြီး နိုင်ငံခြားဖြစ်အရက်များ၊ ကွမ်းစားဆေးရွက်ဘူးများပါရှိလာတဲ့အတွက် ပဏာမစစ်ဆေးခဲ့ပြီးနောက် အသေးစိတ်ဖွင့်ဖောက်စစ်ဆေး ရန် လုံခြုံရေးအခြေအနေအရလည်းကောင်း၊ ပစ္စည်းပျောက်ဆုံးပျက်စီးမှုမရှိစေရန်လည်းကောင်း၊ ဗဟိုကော်မတီကွပ်ကဲမှုရုံး ရန်ကုန်သို့ ဦးစီးအရာရှိတစ်ဦး ဦးစီးသောအဖွဲ့ နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရန်ကုန်ဆူးလေမြေပြင်ချစစ်ဆေးရေးသို့လာရောက်ခဲ့ပါတယ်။
ဆူးလေမြေပြင်ချစစ်ဆေးရေးမှာ Mobile Team အဖွဲ့စုံနဲ့ အသေးစိတ် စစ်ဆေးရာမှာ ဖူဆိုယာဉ်ပေါ်မှ Chivas Regal (နှစ်ချို့)၊ Chivas Brothers (နှစ်ချို့)၊ Caribbeam Rum၊ Nectar Imperial၊ Whisky (Scott)၊ Jennesses၊ Single Malt၊ Bourbon၊ Blender Scoth) France Wine၊ White Wine၊ Coffee Liquar စတဲ့ ဘီယာ၊ ဝိုင်၊ ဝီစကီမျိုးစုံ ၄၉၃၈ လုံး၊ ကွမ်းစားဆေးရွက်ကြီး (ကွမ်းစားဆေး) (1 x 10 x30) 100 wm၊ ဆမ်ဆောင်း အမှတ်တံဆိပ်ဖုန်စုပ်စက် လေးလုံး၊ မိုက်က္ကရိုဝေ့ဖ်မီးဖို ၂၃ လုံး၊ LED TV ၃၂ လက်မ ၂၀ လုံးနဲ့ ၄၂ လက်မ ၇၃ လုံးနဲ့အတူ ဇာပိတ်လိပ် ၃၂၂ ကီလို ဂရမ်ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိကုန်ပစ္စည်းများနဲ့ အတူပစ္စည်းများတင်ဆောင်လာတဲ့ ဖူဆို ၁၂ ဘီး ယာဉ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်နေကြောင်းသိရ ပါတယ်။
DCCA