admin_ygn

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ လက် ကားဆန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းလတ်စတစ်အိတ်ကို ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း လတ်စ ၃၄၀၀၀ ကျပ်၊ ထိပ်စ ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၁၀၀၀ ကျပ်၊ ထိပ်စ ၃၃၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း ဈေးဆက်တက်လာတာတွေ့ရပါတယ်။ ထို့အတူ ရွှေဘိုပေါ်ဆန်းဈေးမှာလည်း တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း   ဈေးတက်လာကာ တစ်အိတ်ကို ၃၆၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ်က စစ်ကိုင်းတိုင်းရွှေဘိုဘက်မှာ ရွှေဘိုပေါ်ဆန်းစပါးတွေ ဆစ်ပိုးကျရောက်ပြီး အထွက်လျေ

admin_ygn

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Teamအဖွဲ့သည် မတ်လ ၂ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ဓူဝံမှန်လုံယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးဖာများကို စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ တိုက်ရိုက်ကြီးကြပ်မှုဖြင့် စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်တဲ့ ဆိပ်ကမ်းခြောက်ခု၊ အေးရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အလုံနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်း) တို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်မှ သြဂုတ် လ ၁၅ ရက်ထိ ပညာပေးကာလအဖြစ်လည်းကောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အရေးယူကာလအဖြစ်လည်းကောင်း၊ ပို့ကုန် သွင်းကုန် ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးခြင်း၊ စစ်ဆေးပြီး ကုန်သေတ္တာများအား ဆိပ်ကမ်းအတွင်း မှ ချောမွေ့စွာသ

admin_ygn

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ Mobile Team လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင် ဘာလ ၁ ရက်နေ့က စတင် ခဲ့တာဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ ကြီးကြပ်ထုတ်နုတ်အင်အား Mobile Team ရဲ့ အမှုတွဲဖွင့်လှစ်ရရှိမှုပေါင်းမှာ ၅၀၀၆ ခုရှိပြီးခန့်မှန်းတန်ဖိုးမှာ ကျပ်၂၉၆၃၃ ဒသမ ၂၄၄သန်းရှိပြီလို့သိရပါတယ်၊ မူဆယ်-မန္တလေးလမ်းကြောင်းမှာ ၁၂၉၂ မှု၊ မြဝတီ- ရန်ကုန်လမ်းကြောင်းမှာ ၁၆၃၂ မှု ၊ မူဆယ်ထုတ်နုတ်အင်အား ၁၈၄၇ မှု၊ တမူးထုတ်နုတ် အင်အား ၂၀ မှု၊ တာချီလိတ်ထုတ်နုတ်အင်အား ၁၉၄ မှု၊ ကန်ပိုက်တီး OSS အင်အား ၂ မှု၊ မူဆယ် OSS အင်အား ၄ မှုနဲ့ ကျိုင်းတုံထုတ်နုတ်အင်အား ၁၆

admin_ygn

   မူဆယ်-မန္တလေးလမ်းကြောင်းပေါ်ရှိ နောင်ချိုတိုးဂိတ်အနီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေတဲ့  လရ-၁ အဖွဲထံ မတ်လ  ၉ ရက် ၂၃ း ၃၀ ချိန်မှာဝင်ရောက်စစ်ဆေးခံသော ၁၂ ဘီးယာဉ်  DD/xxxx ပေါ်မှ ဆိုင်ကယ်အင်ဂျင် ၃ ထုတ်၊ ဖရိန်  ၃ ထုတ်၊ တာယာနဲ့ ဂွေ ၆ ထုတ်၊ ကာဘာ ၃ ထုတ်နဲ့ အပိုပစ္စည်း ၃ ထုတ်ခန့်မှန်းတန်ဖိုး ကျပ်  ၉ သိန်းဖိုးအားစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။

DCCA

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း နဲ့မောင်တောစခန်းမှ မတ်လပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၃ သန်းဖိုးရှိ ရေထွက် ကုန် ၂၄၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့နိုင်မှုများမှာ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းဖိုးရှိ ရေချိုငါးများဖြစ်သော ငါးမြစ်ချင်းတန် ၆၀ နဲ့ ငါးခေါင်းပွ ၂၄ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကတော့ စစ်တွေစခန်းမှ ရေချိုငါးတင်ပို့မှုမရှိ ခဲ့ပါဘူး။ မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၀ သန်းဖိုးရှိ ငါးနီ တူခြောက်  တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၁၃၈ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ကထက် ၂၉ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မြန

admin_ygn

  ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မတ်လပထမပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ''Knowledge for Border Trade'' ဆွေးနွေးပွဲမှာ ထိုင်း-မြန်မာယဉ်ကျေးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း (Thai-Myanmar Cultural and Economic Cooperation Association-TMCECA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချက်သာသာနာဂျာရိုက ထိုင်းမြန်မာ ကုန်သွယ်မှုမြင့်တက်လာလိမ့်မယ်လို့မျှော်မှန်းကြောင်းပြောကြားခဲ့ပါတယ်။

admin_ygn

   အေးရှားဝေါလ်တိုးဂိတ်အနီး စစ်ဆေးရေးနဲ့စားသုံးသူအကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော မူဆယ်ထုတ်နုတ် Mobile Team အဖွဲ့ဟာ မတ်လ ၁၀ ရက် ၁၅း၄၀ ချိန်မှာ  Asia World Toll Gate အနီးပြည်ထောင်စုလမ်းမကြီးမှာ 5B/xxxx  စိတ်ကြိုက်မှန်လုံယာဉ်ပေါ်မှ တမလန်းလို့ ယူဆရတဲ့သစ်တုံး ၁၀၀၊ သစ်ကြမ်းခင်းပြားအသေး ၃၁၉ ပြားကို စစ်ဆေးတွေ့ရှိရပါတယ်။ အဆိုပါပစ္စည်းနဲ့ ပစ္စည်းတင်ယာဉ်တို့အားသိမ်းဆည်းထားတယ်လို့သိရပါတယ်။ အဖွဲ့စုံဖြင့်အသေးစိတ်စစ်ဆေးပြီးနောက် သက်ဆိုင်ရာဌာန များသို့ လွှဲပြောင်းအပ်နှံသွားမယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   တာချီလိတ် Mobile Team မှ ဦးစီးအရာရှိနှင့်အဖွဲ့သည် မတ်လ  ၆ ရက်နေ့  ၁၂ း ၀၀ နာရီတွင် တာလေတိုးဂိတ်အနီး၌ တာဝန်ထမ်းဆောင်စဉ် တာချီလိတ်ဘက်မှ မောင်းနှင် လာသော ဒိုင်နာယာဉ်အမျိုးအစား  5F/ xxxx  ပေါ်တွင် တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ် ၅၀ ခန့်ကို စစ်ဆေးတွေ့ရှိသိမ်း ဆည်းရမိခဲ့ပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ်များအား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျစစ်ဆေး၍ တာချီလိတ်အကောက်ခွန်မြို့နယ်ရုံး တွင် အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။ ပြောင်းမျိုးစေ့ အိတ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းခြောက်ဆယ်

admin_ygn

   ITC ကတ်နဲ့ လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ နယ်စပ်စခန်းများအနက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်းမှာ ITC ကတ်တစ်စောင်ထုတ်ပေးနိုင်ခဲ့ပြီး  လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ ကျပ် ၆ သိန်းဖိုးရှိတဲ့ ကြိမ်တစ်တန် တင်ပို့နိုင်တာတွေ့ရပါတယ်။  ယခင်ဇန်နဝါရီလက ဖရဲသီးကီလို  ၁၈၀၀၀ ခန့်တင်ပို့နိုင်ပြီး ဖေဖော်ဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့အတွက်ကြောင့် တင်ပို့မှု လျော့နည်းရခြင်းဖြစ်ပါတယ်။ လွယ်ဂျယ်စခန်းမှ ITC ကတ်ကို စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ITC ကတ်ပြုလုပ်သူ ခြောက်ဦးရှိပြီး ပို့ကုန်တန်ဖိုး ကျပ်သန်းပေါင်း ၆၃၃ ဒသမ ၄၁၃ ခန့် ကုန်သွယ်ပြီး