၁၂ ဘီးယာဉ်ပေါ်မှ ဆိုင်ကယ်ဆက်စပ်ပစ္စည်းများ စစ်ဆေးတွေ့ရှိ
မူဆယ်-မန္တလေးလမ်းကြောင်းပေါ်ရှိ နောင်ချိုတိုးဂိတ်အနီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေတဲ့ လရ-၁ အဖွဲထံ မတ်လ ၉ ရက် ၂၃ း ၃၀ ချိန်မှာဝင်ရောက်စစ်ဆေးခံသော ၁၂ ဘီးယာဉ် DD/xxxx ပေါ်မှ ဆိုင်ကယ်အင်ဂျင် ၃ ထုတ်၊ ဖရိန် ၃ ထုတ်၊ တာယာနဲ့ ဂွေ ၆ ထုတ်၊ ကာဘာ ၃ ထုတ်နဲ့ အပိုပစ္စည်း ၃ ထုတ်ခန့်မှန်းတန်ဖိုး ကျပ် ၉ သိန်းဖိုးအားစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။
DCCA