admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်ဆောက်ခဲ့သော Weigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့မည်ဟုသတင်းရရှိသည်။

admin_ygn

   မတ်လအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးကို မတ်လ ၂၂ ရက် က တမူးကူးသန်းရောင်းဝယ်ရေးရုံးအစည်းအဝေးခန်းမမှာကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အကောက်ခွန်၊ တမူးကူးသန်းရောင်းဝယ်ရေး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်ပိုးမွှား၊ ခရိုင်သစ်တော၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ကုန်သည်အသင်း၊ ကုမ္ပဏီလုပ်ငန်းရှင်နဲ့ ITC ကတ်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်း ဂိတ်တာဝန်ခံများအပါအဝင်စုစုပေါင်း လူ ၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လတတိယပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၉၅၅၀ တန်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ဖရဲသီး ၄၂၅ တန်နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုးရှိ ဖရဲသီး ၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း မူဆယ်မှ ၂၂၃၀၀ တန်နဲ့ လွယ်ဂျယ်မှ ၂၅၅ တန်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ သခွားမွှေး ၅၉၃၀ တန်၊စပျစ်သီး ၁၅ တန်နဲ့ အုန်းသီး ၅ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ချင

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်း တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊  တန်ချိန် ၂၈၁၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်း တန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါ တယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန်  ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ

admin_ygn

   စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိန်မောင်းသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တမူးရုံးသို့ရောက်ရှိလာပြီး အစည်း အဝေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ သမဝါယမဌာန၊ ပညာရေးဌာန၊ စီမံကိန်းဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့မှ တာဝန်ခံများနဲ့ မတ်လ ၁၇ ရက် ၁ရး၃၀ ချိန်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

admin_ygn

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ မတ်လ ၂၆ ရက်ဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ထိပ်စ ၃၄၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း လတ်စ ၃၄၅၀၀ ကျပ်၊ ထိပ်စ ၃၅၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဈေး ၃၇၅၀၀ ကျပ်မှ ၃၈၅၀၀ ကျပ် အသီးသီးဖြစ်လို့ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်နေပါတယ်။

admin_ygn

  မူဆယ်-မန္တလေးလမ်းကြောင်းတစ်လျှောက်တွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်း များဆောင်ရွက်စဉ် မတ်လ ၁၄ ရက် ၁၀း၃၀ ချိန်ခန့်မှာ ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ တမလန်းလို့ယူဆရတဲ့ သစ်ခွဲသား ၃၅ ချောင်းနဲ့ ၁၅း၃၀ ချိန်မှာ ၁၀ ချောင်းကို သိမ်းဆည်းရမိခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ သိမ်းဆည်း ရမိသစ်ချောင်း စုစုပေါင်း ၄၆ ချောင်းရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်၁၉ ဒသမ ၄၅၀သိန်း တန်ချိန် အားဖြင့် သုည ဒသမ ၃၈၉ တန်ဖြစ်ပါတယ်။

DCCA

admin_ygn

  မူဆယ်-မန္တလေးလမ်းကြောင်းတစ်လျှောက်တွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်း များဆောင်ရွက်စဉ် မတ်လ ၁၄ ရက် ၁၀း၃၀ ချိန်ခန့်မှာ ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ တမလန်းလို့ယူဆရတဲ့ သစ်ခွဲသား ၃၅ ချောင်းနဲ့ ၁၅း၃၀ ချိန်မှာ ၁၀ ချောင်းကို သိမ်းဆည်းရမိခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန်အမှုတွဲများ ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ သိမ်းဆည်းရမိသစ်ချောင်း စုစုပေါင်း ၄၆ ချောင်းရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်၁၉ ဒသမ ၄၅၀သိန်း တန်ချိန် အားဖြင့် သုည ဒသမ ၃၈၉ တန်ဖြစ်ပါတယ်။

DCCA

admin_ygn

   အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team အဖွဲ့မှ ရှမ်းမင်းသား မှန်လုံယာဉ်အား စစ်ဆေးရာ တရား မဝင်တင်ဆောင်လာတဲ့ FM Radio 181 အား သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိ FM Radio များကတော့ 1332 (FM ESON), KK-8108(Kachibo), NS-018 (NNS) Brand များဖြစ်ပါတယ်။ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၄ သိန်းခန့်ဖြစ်ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။

DCCA

admin_ygn

   မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အားဖြင့် Mobile Team အဖွဲ့သည် မတ်လ ၂၇ ရက်နေ့ ၁၄း၂၀ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမ ကြီးပေါ်တွင် ယာဉ်(5c/xxxx) တစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာတဲ့ အီးဗွီဒီ ၂၆ ခု၊ Mini  Power  Inverter ၁၀ ခု၊ 4' Led မီးချောင်း သုံးဖာနဲ့ Led  မီးချောင်း ၁၇၀ ချောင်း တို့အား စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။သိမ်းဆည်းရမိ လျှပ်စစ်ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ သိန်း ၉သောင်းခန့်ဖြစ်ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန် ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့ပါတယ်။