မြဝတီ၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်များမှ ရေထွက်ကုန် ကန်ဒေါ်လာ ၃ သန်းကျော်ဖိုးတင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်း တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊ တန်ချိန် ၂၈၁၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်း တန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါ တယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန် ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းကလည်း ကန်ဒေါ်လာ ၃ ဒသမ ၁၁၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၈၂ တန်နီးပါး၊ ရေငန်ပုစွန် ၉၉ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ကဏန်သေး (အသေ) ၂ တန်ကျော်၊ သဲကဏန်း ၁ တန် ကျော်၊ ငါးမှုန့် ၄၀၅ တန်၊ ပုစွန်ခြောက် ၁၀ တန်ကျော်၊ ငါးခြောက် ၄ တန်ကျော်၊ ကဏန်းနီ ၃၅ တန်ကျော်၊ ကဏန်းပျော့ ၆၅ တန်နဲ့ ကင်းမွန်ခြောက် အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ်