မူဆယ်ဈေးကွက်မှာ ပုံမှန်ဈေးနဲ့အရောင်းအဝယ်ကြောင့် ဈေးငြိမ်နေတဲ့ဆန်ဈေးကွက်

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ မတ်လ ၂၆ ရက်ဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ထိပ်စ ၃၄၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်း လတ်စ ၃၄၅၀၀ ကျပ်၊ ထိပ်စ ၃၅၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ ၃၂၅၀၀ ကျပ်၊ ထိပ်စ ၃၃၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဈေး ၃၇၅၀၀ ကျပ်မှ ၃၈၅၀၀ ကျပ် အသီးသီးဖြစ်လို့ ယခင်တစ်ပတ်ဈေးအတိုင်းဈေးငြိမ်နေပါတယ်။

   မူဆယ်ဆန်ဈေးကွက်မှာလည်း မတ်လ ၂၆ ရက်ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်  မှော်ဘီတစ်အိတ်ကို ၁၄၄-၁၄၆ ယွမ်၊ ဧည့်မထ ၁၀ မှတ် စူပါ တစ်အိတ်ကို ၁၃၉ ယွမ်၊ ငစိန် ၁၀ မှတ် တစ်အိတ် ၁၃၄-၁၃၆ ယွမ်၊ B 1,2 တစ်အိတ်  ၁၀၅-၁၀၇ ယွမ်၊ B Extra တစ်အိတ် ၁၀၈-၁၁၁ ယွမ်ဖြစ်ခဲ့ပြီး၊ မတ်လ ၂၆ ရက် မူဆယ်ရှိငွေလဲနှုန်းမှာ တစ်ယွမ် ၁၇၁ ဒသမ ၈၂ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်နဲ့ ယှဉ်ရင် ဈေးအပြောင်းအလဲသိပ်မရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။

   ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန်တန်ချိန် ၂၁၉၀၀ ခန့်ဝင်ရောက်ခဲ့တာကြောင့် ဝင်ရောက်မှုကလည်း ယခင်တစ်ပတ်ဝင်ရောက်မှု ၂၁၄၇၀ ခန့်နဲ့ နှိုင်းယှဉ်ရင် ပုံမှန်ဖြစ်နေ သလို မြန်မာ့ဆန်၊ ဆန်ကွဲတင်ပို့မှုမှာလည်း ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မတ်လ ၂၀ ရက်ထိ တန်ချိန် ၁၇ ဒသမ ၂၀ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၆၁၅ ရရှိနေပါ တယ်။ ယခင်နှစ်ကာလတူက တန်ချိန် ၁၁ ဒသမ ၆၅ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း ၄၃၄ ရရှိခဲ့တာကြောင့် ယခုနှစ်တင်ပို့မှုပိုမိုနေပါတယ်။

MIRT - DTP