DotBorderdep

ဒီဇင်ဘာလ ၁၉

         မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းမှ ပရာကျွတ်ကရီခမ်သို့ ငါးအသားလွှာ (၇.၂)တန်၊ ရေကြောင်းလမ်းမှ ရနောင်းမြို့သို့ ငါးမှုန့် (၉၄၅)တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိ ရသည်။ ထို့အပြင် မြိတ်ဒေသထွက် ရော်ဘာ(၆၀၄.၈၀) တန်ကိုလည်း မလေးရှားနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ခဲသတ္တု(၁၆.၈)တန် မလေးရှားနိုင်ငံသို့ တင်ပို့နိုင် ခဲ့သည်။

DotBorderdep

         တာချီလိတ်ဒေသမှ ထွက်ရှိသော လိမ္မော်သီးများကို ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ တင်ပို့လျက်ရှိပြီး လိမ္မော်သီးများ တင်ပို့ရာတွင် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ Form D ဖြင့် တင်ပို့ဆောင်ရွက်လျက်ရှိသည်။ လိမ္မော်သီး (၁)ကီလိုလျှင် (၅.၁၄၄)ဘတ်ခန့်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ (၁၈)ရက်နေ့အထိ လိမ္မော်သီး (၂၆၄) တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်းခန့် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းမှာလည်း တည်ငြိမ်ကောင်းမွန်မှုရှိသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြင်ပငွေလဲနှုန်းမှာ မြန်မာကျပ်ငွေ (၁)သိန်းလျှင် (၁၂၃၅)

DotBorderdep

    ထိုင်းနိုင်ငံ၏ရိုးရာအစားအစာများအနက် သင်္ဘောသီးထောင်းသည် နာမည်ကျော်ကြားလှသည့် အစားအစာတစ်ခုဖြစ်ပါသည်။ ပြည်တွင်းစားသုံးသူများသာမက နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ကြ သည့် နိုင်ငံခြားခရီးသည်များပါ နှစ်သက်စွာစားသုံးကြပါသည်။ နာမည်ကျော်ကြားပြီး လူကြိုက်များသည့် အဆိုပါသင်္ဘောသီးထောင်းတွင် မပါမဖြစ် ထည့်သွင်းစားသုံးကြသည့် ကဏန်းငယ်လေးများမှလဲ ဈေးကွက်လိုအပ်ချက်မြင့်မားလာပါသည်။ ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသမှထွက်ရှိသည့် ကဏန်းငယ်လေးများဒေသအခေါ် ကဏန်းချေးပုံးကို မောတောင်နယ်စပ်ဒေသမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ အပတ်စဉ် တင်ပို့နေရကြောင်း တွေ့ရှိရသည်။

DotBorderdep

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၁၈-၁၂-၂၀၂၂ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန် လိုင်စင် (၁၉)စောင် (၀.၂၅၆) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်အပိုပစ္စည်းများ၊ ပန်းသစ်တော်သီး၊ လိမ္မော်သီး၊ စာရေးကိရိယာများ၊ ပိုးသတ်ဆေး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မှ  (၁၈)ရက်နေ့ထိ ပို့ကုန်လိုင်စင် (၃) စောင်နှင့် သွင်းကုန်လိုင်စင် (၅၁၁)စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ အများဆုံး ပို့ကုန် ပစ္စည်းများမှာ ပဲမျိ

mocadmin

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်

  မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးမှုမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသည်။

DotBorderdep

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့

         မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိသည်။

DotBorderdep

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ ချီဗွေ၊ ဆော့လော်နှင့် ကန်ပိုက်တီ ဒေသပတ်ဝန်းကျင်မှ ထွက်ရှိသော ရှောက်ကောများအား ယခု ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည်။ ရှောက်ကော (၁) တန်လျှင် (၅၀၀၀)ယွမ်နှုန်းဖြင့်  တင်ပို့ရောင်းချကြ ပြီး အဆိုပါ ရှောက်ကောအား တရုတ်နိုင်ငံတွင် ပေါင်းခံပြုပြင်ကာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြကြောင်း သိရှိရသည်။

DotBorderdep

     ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သော ပင်လယ်စာများအနက် မြန်မာ့ရှပ် (ခေါ်) ဂုံးများကိုလည်း နှစ်သက်စွာစားသုံးကြပါသည်။ မြန်မာ့ရှပ် (ခေါ်) ဂုံးများကို စားသုံးပါက ကျန်းမာရေးကောင်းမွန်သည့် အပြင် ခွန်အားအမြန်ပြည့်စေသည့် အစားအစာဖြစ်ကြောင်း ယုံကြည့်ကြသည့်အလျောက် တစ်နိုင်ငံလုံး နီးပါးစားသုံးကြပါသည်။ ရိုးရာအစားအစာများနှင့် တွဲဖက်စားသောက်ကြသည့်အပြင် အမျိုးမျိုးချက်ပြုတ် စားသောက်ကြပါသည်။ အဆိုပါ ရှပ်အားထိုင်းပြည်တွင်းစားသုံးသူများပါမက ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများမှာလဲ ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရသည်။

DotBorderdep

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ထွန်းရွှေဝါလိမ်းဆေးအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေး ကွက်သို့ ထိုးဖောက်ရောင်းချနိုင်ခဲ့သည်။