admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန်တန်ချိန် ၃၆၀ ကျော် တန်ဖိုး ကန်ဒေါ်လာသုည ဒသမ ၁၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးသာတင်ပို့နိုင်ခဲ့လို့ ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်ကို  မတ်လအတွင်း ကန်ဒေါ်လာ ၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ လယ်ယာ ထွက်ကုန်များမှာ မြေပဲဆံ ၂၀၆ တန်ကျော်၊ ကြက်သွန်နီ ၆၁၁ တန်ကျော်၊ နှမ်း ၅၁ တန်ကျော် ၊ မတ်ပဲ ၂၄ တန်ကျော်၊ ပဲလွန်းဖြူ ၄၃ တန်ကျော်၊ ကြံ ၁ တန်၊ သီဟိုဠ်စေ့ ၃ တန် နဲ့ ပဲတီစိမ်း၊ ဆီးသီးခြောက်တို့ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ့ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတင်ပို့မှုမြင့်တက်လာခဲ့ရာ မတ်လအတွင်းမှာ တစ်ပတ်ထက် တစ်ပတ်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ မတ်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ရက်သတ္တပတ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၃၃၁ သန်းဖိုးရှိ ငစိန်ဆန် ၁၇၄၆၈ တန်နဲ့ ဧည့်မထဆန် ၇၇၉၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။  လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၅၀ သန်းဖိုးရှိ ဆန် တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ပြီး စခန်းနှစ်ခုပေါင်းမှ ဆန်တန်ချိန် ၂၈၂၆၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပို့မှုထက် ၃၉၃၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် တန်ချိန် ၃၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ် မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ  Mobile Team ညောင်ခါးရှည်မှ အမှုတွဲ လေးတွဲဖွင့်သိမ်းဆည်းထားတဲ့ မတ်လ ၃ ရက်နဲ့ ၈ ရက်နေ့များမှာ မှန်လုံယာဉ်များပေါ် တွင် အကောက်ခွန်မဲ့တင်ဆောင်လာသော ဘီယာချမ်းများနဲ့ မတ်လ  ၅ ရက်နေ့က  ရထားသံလမ်းအကျော် ညောင်ခါးရှည်ရွာမရောက်မီ လယ်ယာကုန်ထုတ်လမ်းထိပ် ရှောင် ကွင်းလမ်းမှာ ပိုင်ရှင်မဲ့စုပုံထားတဲ့ ဘီယာချမ်းစုစုပေါင်း ၁၉၆ ဖာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း  ၂၇ ဒသမ ၁၅၀ တန်ဖိုးအား မတ်လ ၁၄ ရက် ၁၆ း ၃၀  ချိန်က ညောင်ခါးရှည်မှာ ဘီယာဘူးများအား ခါးလည်မှ ပိုင်းဖြတ်၊ အရည်များသွန်ချပြီး ဘီယာဘူးများကို ထုပ်ပိုးထားတဲ့ စက္ကူဘူးခွံများအုပ်၍ မီ

admin_ygn

  မတ်လ ၁၈ ရက် နဲ့ ၂၁ ရက် နေ့များမှာ မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများဆာင်ရွက်နေစဉ် တိုယိုတာမတ်တူး ယာဉ်ခေါင်းပိုင်း အင်ဂျင်ခန်းနဲ့ နောက်ခန်းများမှာ ကျောက်စိမ်းလို့ ယူဆရတဲ့ ပုတီးစေ့အရွယ်စုံ အထုပ် ၉၀ နဲ့ တိုယိုတာကရောင်း မဂျက်စတာ အင်ဂျင်ခန်းနဲ့ နောက်ခန်းမှာ ကျောက်စိမ်းလို့ယူဆရတဲ့ကျောက်တုံး ၄၀ တုံးပါ ၂ထုပ်၊ ကျောက်တုံး ၃၂ တုံးပါ ၁ ထုပ်၊ ကျောက် ပြား အပိုင်းစ ၇၂ ခုနဲ့ အဝိုင်းပြား ၄၅ ခုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျောက်စိမ်းများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အကောက်ခွန

admin_ygn

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အားဖြင့် ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့  Mobile Team အဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် နမ်တောင်း-ဖာဖိတ်-ပန်ကျုံ-ခိုခေးဘုန်းကြီးကျောင်း ရှောင်ကွင်းလမ်းပေါ်မှာ မောင်းနှင်လာတဲ့လိုက်ထရပ် 8G/ xxxx ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ အေးခဲကြက်သား ၃၀ အိတ်ကို သိမ်း ဆည်းရမိခဲ့ပါတယ်။ အဆိုပါ အေးခဲကြက်သားများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၆၀ ဖိုးခန့်ဖြစ်ပြီး မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA

admin_ygn

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် မတ်လ ၂၃ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒိုင်နာယာဉ်အမှတ် ၈ဆ/xxxx ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ (1 x 40 kg) ပါ သစ်နီမှုန့်အိတ်များကို  စစ်ဆေးတွေ့ရှိတဲ့ အတွက်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါ သိမ်းဆည်းရမိသစ်နီမှုန့်အိတ်များကို သက်ဆိုင်ရာသို့အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   မတ်လ ၃၀ ရက် နံနက် ၀၄း၃၀ ချိန်မှာ နောင်ချို လရ-၁ အဖွဲ့သို့ ဝင်ရောက်စစ်ဆေးခံသော ၆ ဘီးယာဉ် ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော စပိုင်ဝိုင် ၂၅ ဖာအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး  အကောက်ခွန်အမှုတွဲ ဖွင့်နိုင်ရေးဆောင် ရွက်နေတယ်လို့ ရှေ့ပြေးသတင်းရရှိခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ထိ အရက်ဘီယာဝိုင်သိမ်းဆည်းရမိမှု ၃၇၂ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၅၂၆ သန်းဖိုး ရှိပြီလို့သိရပါတယ်။

DCCA

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းများက မတ်လ၁၄ ရက်မှ ၂၀ ရက်တာကာလ အတွင်းတန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၇၆၄သန်း၊  တန်ချိန် ၂၈၁၇ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၅ တန်နီးပါး၊ ကဏန်းတန် ၂၀ ကျော်၊ ပုစွန် ၄ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း က ကန်ဒေါ်လာ သုည ဒသမ ၄၄၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၃၁ တန်ကျော်၊ ကင်းမွန် ၂၉ တန်ကျော်၊ ပုစွန်  ၂ တန်ကျော်နဲ့ ရေဘဝဲအနည်းငယ