မြဝတီကုန်သွယ်ရေးဇုန်က မတ်လအတွင်း လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၂ သန်းနီးပါးတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်ကို  မတ်လအတွင်း ကန်ဒေါ်လာ ၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ လယ်ယာ ထွက်ကုန်များမှာ မြေပဲဆံ ၂၀၆ တန်ကျော်၊ ကြက်သွန်နီ ၆၁၁ တန်ကျော်၊ နှမ်း ၅၁ တန်ကျော် ၊ မတ်ပဲ ၂၄ တန်ကျော်၊ ပဲလွန်းဖြူ ၄၃ တန်ကျော်၊ ကြံ ၁ တန်၊ သီဟိုဠ်စေ့ ၃ တန် နဲ့ ပဲတီစိမ်း၊ ဆီးသီးခြောက်တို့ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)