ရေလမ်းမှ ဘိလပ်မြေအဝင်လျော့

ဇန်နဝါရီ ၂၆ ရက်မှ  ဖေဖော်ဝါရီ ၁ ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၄၂၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်  ဘိလပ်မြေတစ်မျိုးသာ  တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၅၈၀ ကျော်တင်သွင်း ခဲ့ခြင်းကြောင့်  ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့သည်။ ဇန်နဝါရီ ၂၅ ရက် မှ ၃၁ ရက်အတွင်း နယ်စပ်လမ်းမှဘိလပ်မြေအဝင်မှာ တန်ချိန် ၂၃၈၄၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၇၀ကျော်ရှိခဲ့ခြင်းကြောင့်   ယခုတစ်ပတ်မှာ  တန်ချိန် ၁၄၃၆၀ ကျော် အဝင်ပိုခဲ့ သည်။ ထို့ကြောင့် ယခုတစ်ပတ် ရေကြောင်းလမ်းမှအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့သည်။

 

သီတာဝင်း (DOT)