DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၅.၀၆၈) ဒေါ်လာသန်း၊ သွင်းကုန်(၇.၆၈၂)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၂.၇၅၀) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၀.၀၇၄) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၈၉)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၄.၉၉၄)‌ဒေါ်လာသန်းပိုမိုခဲ့ပြီးသွင်းကုန်တွင်(၆.၅၆၇)ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့်(၁၁.၅၆၁) ဒေါ်လာသန်းပိုမိုဆောင်ရွက်

DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၂-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၆၁)စောင် (၄.၈၈၈)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၂)ရက်နေ့ထိ ပို့ကုန်လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၉၀)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၂-၄-၂၀၂၃)ရက်နေ့တွင် အများ

DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ (၂၈-၃-၂၀၂၃) ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၁၃)စောင် (၁.၉၆၀) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၂၈)ရက်နေ့ထိပို့ကုန်လိုင်စင်(-) စောင်နှင့် သွင်းကုန်လိုင်စင် (၈၆၅)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၂၈-၃-၂၀၂၃)ရက်နေ့တွင်

DotBorderdep

          တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၃၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၃၅) ယွမ်နှင့် ပြောင်း တစ်အိတ်လျှင် (၁၂၀) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

DotBorderdep

          ၂၈-၃-၂၀၂၃ ရက်နေ့မှာ လယ်ယာထွက်ကုန်အနေဖြင့် တစ်သျှူးငှက်ပျောကားစီးရေ (၅၅) စီး၊ တန်ချိန် (၈၈၀.၀၀၀)တန်၊ တန်ဖိုး (၀.၃၀၁)ဒေါ်လာသန်း၊ မြေထောက်ပဲ ကားစီးရေ(၆)စီး၊ (၁၉၅.၀၀၀)တန်၊ တန်ဖိုး (၀.၂၆၄)ဒေါ်လာသန်း၊ နှမ်းနက်ကားစီးရေ (၃)စီး၊ (၇၅.၀၀၀)တန်၊ တန်ဖိုး (၀.၁၀၈)ဒေါ်လာသန်း၊ ဖရဲသီးကားစီးရေ (၁၂)စီး၊ (၂၀၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ(၀.၇၀၄)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ ဂျပ်ဖာ ကားစီးရေ (၃)စီး၊ တန်ချိန် (၁၆.၅၀၀)တန်၊တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ ဂျပ်စက္ကူ ကားစီးရေ (၁၀)စီး၊ တန်ချိန် (၇၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅)

DotBorderdep

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့

   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်သို့ ဖိနပ်တင်ပို့မှုသည် ၂၀၂၁ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၂၇၄.၅၈) သန်းရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၅၁.၄၀) သန်းရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်သို့ ဖိနပ်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် (၆၄)ရာခိုင်နှုန်း တိုးလာကြောင်းဘင်္ဂလားဒေ့်ရှ့်နိုင်ငံထုတ် Tribune Desk သတင်း၌ မတ်လ ၂ရရက်နေ့တွင် ရေးသားထားသည်။

DotBorderdep

    ရခိုင်ငှက်ပျောကို မောတောင်မြို့ဒေသဝန်းကျင်တွင် အများအပြားစိုက်ပျိုးကြပြီး ယခုရာသီသည် ရခိုင်ငှက်ပျော လှိုင်လှိုင်ထွက်ရှိသောကာလဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ရခိုင်ငှက်ပျောတန်(၂၀၀) ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့သည်။

    လက်ရှိပေါက်​ဈေးအနေဖြင့် ရခိုင်ငှက်ပျော (1 KG) လျှင် (၆)ဘတ် ဈေးရရှိပြီး တင်ပို့သူများအနေဖြင့် အကောက်ခွန်သက်သာခွင့်အကျိုးခံစားခွင့်(Form-D) ဖြင့်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

DotBorderdep

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍၂၀၂၃ ခုနှစ်၊မတ်လ ၂၁ ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်မှ(၁၆၀၀)နာရီချိန်ထိVirtual စနစ်ဖြင့် ကျင်းပပြုလုပ်သော TradeNet 2.0 စနစ်တွင် အဆင့်မြှင့်တင်ခြင်း၏ ပထမအဆင့်အနေဖြင့် AHTN 2022 Version တွင် Automatic HS သတ်မှတ်သည့် ပို့ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် စနစ်မှ အလို အလျောက်ခွင့်ပြုမည့် သင်တန်းသို့ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းအသီးသီးမှ ပို့ကုန်သွင်းကုန်ဆောင်ရွက်သောလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက် ရောက်ခဲ့ကြသည်။အဆိုပါသင်တန်းတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရ