admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ  ကော့သောင်းကုန်သွယ်ရေးစခန်းမှ  မေ ၇ ရက်မှ ၁၃ ရက်အတွင်းမှာ ပင်လယ်ငါးရှဉ့် တစ်တန်ကျော်၊ တန်ဖိုး ကန်ဒေါ် လာ သုည ဒသမ ၀၀၂ သန်း၊ ရေဘဝဲ ၄၁၁ ကီလိုဂရမ်၊တန်ဖိုးကန်ဒေါ်လာ သုည  ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ဧပြီလအတွင်းက  ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ပင်လယ်ငါးရှဉ့် ၁၉ တန်ကျော်နဲ့  ရေဘဝဲ ၇ တန်ကျော်တင်ပို့ နိုင် ခဲ့ပါတယ်။       
 

ခင်မြနွယ်

admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်များတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ နှစ်ရှည်သီးနှံသီဟိုဠ်စေ့မှာ ရာသီကုန်စည်အဖြစ် ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ဝင်ရောက်ပြီး ဧပြီ၊ မေ မိုးရွာသွန်းချိန် အစေ့မှာ မိုးထိပါက မဲ သွားပြီး၊ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း ပုသိမ်မြို့ ပတ်ဝန်းကျင်မြို့နယ်^ကျေးရွာများမှ သီဟိုဠ်ထွက်ရှိချိန် ကုန်ကြမ်းများကို မြို့ပေါ်တွင် အဝယ်ဒိုင် (၁၀)ခုခန့်နှင့်ဝယ်ယူပြီး ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်ကုန်ချောထုတ်လုပ်သည့် သရဖူအလုပ်ရုံ သာ ရှိ၍ ဈေးကွက်ရှိကုန်ကြမ်းများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချမှု ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။    သာပေါင်းမြို့နယ် ကြက်သွန်ကွင်းကျေး ရွာနေ

admin_ygn

မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်မှသာမက အခြားသော တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ် နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်သီးနှံ တွေ   အထူးသဖြင့် ဆန်တင်ပို့ တဲ့ ကိစ္စတွေမှာ မြန်မာနိုင်ငံကကုန်သည်အများစုဟာ အမြဲလိုလို  နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒီနစ်နာမှုတွေကိုဖြေရှင်းပေးဖို့ ယခင်အစိုးရလက်ထက်က တရုတ်နိုင်ငံ အစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် လည်း  မြန်မာကုန် သည်တွေဟာ တရုတ်နိုင်ငံရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့  AQSIQ  ဆိုတဲ့စံသတ်မှတ်ချက်ကို မမီခဲ့တာကြောင့် တင်ပို့ ခွင့်ရသလောက် တင်ပို့နိုင်ခြင်းမရှိခဲ့တာကို တွေ့ရ ပါတယ်။ဒီအချက်တွ

admin_ygn

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် တောင်သူများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင်ငယ်လေး များ အား တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် လူတစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC (Individual Trading Card) ကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးလျှက်ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၁၁)ရက်ေ န့  မှ စတင်ပြီး ITC ကတ်ကိုင်ဆောင်သူတစ်ဦး ပို့ကုန်/သွင်းကုန်လုပ်ငန်းဆောင်ရွက်ပါက ကုန်သွယ်မှုတန်ဖိုး တစ်ရက်လျှင် ကျပ်သိန်း(၃၀)နှုန်းဖြင့် (၅)ရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း(၁၅၀ဇ)ထိ တိုးမြှင့်ပြီ

admin_ygn

ကသာခရိုင် စိုက်ပျိုးရေးထုတ်ကုန် နေကြာသီးနှံ စိုက် ဧက ၄၈၆၂၀ ရှိပါတယ်။ လှော်နေကြာမျိုးကို အများအပြား စိုက်ပျိုးပေမယ့် ဆီစားနေကြာ စိုက်ပျိုးသူ ရာခိုင်နှုန်းနည်း နေတာ တွေ့ရပါတယ်။ လှော်နေကြာ ထက် ဆီစားေ နကြာ စိုက်ပျိုးပါက အကျိုးအမြတ် ပိုမိုရရှိကြောင်း သက်ဆိုင်ရာ ဌာနများက အသိပညာပေးမှုများကြောင့် နေကြာတောင်သူ များက ဆင်းရွှေကြာ၊ ဆီစားနေကြာတို့ကို ပြောင်းလဲ စိုက် ပျိုး လာတာတွေ့ရပါတယ်။ ဒီနှစ်ဆီ စားေ နကြာ စတင်ရိတ်သိမ်း ချိန်ဈေးနှုန်းမှာ  တင်းတစ်ရာကို ၁၅ သိန်းမှ သိန်း၂၀ ကြား ရှိလို့ ဆီစားနေကြာစိုက် တောင်သူများ ဈေးကောင်းရနေ ကြောင်း ဈေးကွက်အတွင်း မှ သိရ ပါတယ်။မေ ၁၂ ရက်က လှော်နေကြာ တစ်ဧက ကိုအထွက် တင်း

admin_ygn

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေး စခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဧပြီ ၃၀ ရက်မှ မေ ၆ ရက်အထိ ကာလအတွင်း သစ်တောထွက်ပစ္စည်းအုပ်စုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀၀၁၂ တန်ဖိုး ရှိ ဝါး ၁၂၅၀၀၀ ကီလိုနဲ့ အမေရိကန်ဒေါ်လာ ၆၄၉၇ တန်ဖိုးရှိ ကြိမ် ၉၀၆၂ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာ တင်ပို့နိုင်တယ်လို့သိရပါတယ်။ဝါးများကို နှစ်စဉ်ခုတ်ယူပါ က ဝါးထွက်ရှိမှု ပိုမိုတိုးတက်လာနိုင် ကြောင်းနဲ့ ဝါးများအား မခုတ်ယူဘဲ နှစ်ကြာ ရှည်စွာထားလိုက်ပါက အသီးများသီးလာပြီး၊ ဝါးများမထွက်တော့ကြောင်း ဝါးလုပ်ငန်းလုပ်ကိုင် နေသူများထံ မှသိရှိရပါတယ်။

admin_ygn

မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းက  ၂၀၁၆ ခုနှစ် ဧပြီလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၁  ဒသမ ၁၈၀ သန်း၊ သွင်းကုန် ကန် ဒေါ်လာ သုည ဒသမ ၇၈၁ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၆၁ သန်းရရှိခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်တဲ့ ဧပြီနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၄၁၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၈၉ သန်းပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၆၃၂ သန်းလျော့နည်းပြီး၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း ပိုမိုခဲ့ပါတယ်။ယမန်နှစ်ကာလ တူထက် ကုန်သွယ်မှုပမာဏပိုမိ

admin_ygn

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီနဲ့နှမ်းနက် ဈေးငြိမ်နေသော်လည်း စမုံနက်နှမ်းဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်များရှိလာခြင်း၊ ဈေးကွက် တွင် လက်ကျန်နည်းလာခြင်း တို့ကြောင့် ဈေးမြင့် လာတာ တွေ့ ရပါတယ်။ ယခင်နှစ်ယခုလို အချိန်တွင် စမုံနက်နှမ်းမှာ ပြည်ပဝယ် လက်သိပ်မရှိသလို ယခုနှစ်လောက် ဈေးသိပ် မမြင့်ခဲ့ပေမယ့် အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တာတွေ့ ရပါ တယ်။ နှမ်းဈေးမှာ စမုံနက်နှမ်းတစ်တင်းလျှင် ၆၂၀၀၀ ကျပ် ၊ နှမ်းနီတစ်တင်းလျှင် ၂၃၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းလျှင် ၃၃၀၀၀ ကျပ်နဲ့ ဈေးဖြစ်နေတာတွေ့ ရပါတယ်။ ယခုနှစ်တွင် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၆၀၀၀ ကျပ်၊ နှမ်းနီ တစ် တင်းလျှင် ၂၈၀၀၀ ကျပ်နှင့် နှမ်းနက်တစ်တင

admin_ygn

ပုံမှန်ဝင်ရောက်နေတဲ့  ကျီးသဲ၊ ကြံခင်း၊ ထုံးဘိုဘက်မှ ပွဲရုံများမှ မန် ကျည်းမှည့်များ  ပြည်ဈေးကွက်သို့ ဈေး ငြိမ်ပြီး ဝင်ရောက်နေတာ  တွေ့ရပါ တယ်။   ဒေသတွင်း  အရောင်းအဝယ်   နှင့် ရခိုင်ဝယ်လက်တို့ရှိနေ တာကြောင့် နေ့စဉ် ပိသာချိန် ၂၅၀ ကျော်အရောင်း အဝယ်ရှိနေပါတယ်။ ယခုတစ်ပတ် မန် ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၁၆၀၀ ဖြင့် ဈေးငြိမ်ကာ အရောင်း အဝယ် ဖြစ်နေပါတယ်။ ဒေသတွင်း (လက်လီဈေး)ကတော့ ၂၀၀၀ ကျပ်ဖြစ် ပါ တယ်။ ဒေသစုံ၊ နယ်စုံတွေမှာလည်း မန်ကျည်းမှည့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။  ရခိုင်ဘက်သို့ နေ့စဉ်ပိဿာချိန်  ၂၀၀ ပုံမှန်တင်ပို့ လျက်ရှိနေကြောင်

admin_ygn

ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း နနွင်း ၂၁၉ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်သို့ ၁၁၂ တန်နဲ့ စင်ကာပူသို့ ၁၀၇ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ၉၆ တန်သာ  တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင်  တန်ချိန် ၁၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၅၉၁၅၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။