နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက် ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် တရုတ်နယ်စပ်)မှ မော်တော်ဆိုင်ကယ်များကို ITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို မော်တော်ဆိုင်ကယ်တစ်စီးနှုန်းဖြင့် တစ်ပတ်လျှင် ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ် ဒေသထွက်ကုန် နှင်းသီးများ မန္တလေးဈေးကွက်သို့ မှန်လုံ ကားကြီးများ နဲ့ တင်ပို့နေတာတွေ့ရပါတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်လမှာ လှိုင်လှိုင် ပေါ်တဲ့ အင်းတော်နှင်းသီးများကို နှင်းသီးကုန်သည်များ တစ်ရွာဝင် တစ်ရွာထွက်ဝယ်ယူပြီး ပိသာငါးဆယ်ခန့် ကွမ်းခြင်းများဖြင့် တင်ပို့ကာ မန္တလေးပွဲရုံများသို့ တင်ပို့လျက်ရှိပါတယ်။ နှင်းသီးပေါက်ဈေးတစ်ပိသာ တစ်ထောင် ကျပ်ရှိတဲ့အတွက် နှင်းသီးစိုကမိသားစုများ ဝင်ငွေရနေ တာေ တွ့ရပါတယ်။''အင်းတော်မြို့နယ်အနေအထားက လယ်ယာမြေပေါများပေမယ့် ဥယျာဉ်ခြံမြေ နည်းပါး တာတွေ့ရပါတယ်။ နှင်းသီးပင်များကို ဥယျာဉ်ခြံများမှာ စိုက်ပျိုးထားတာ မဟုတ်ဘဲ အိမ်ဝင်း များမှာ အရိပ်လည်းရ၊ငွေလည
ဇွန် ၁၁ ရက်မှ ၁၇ ရက်တာ သီတင်းပတ်အတွင်း မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၇၈ တန်ခွဲ၊ လွယ်ဂျယ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်းဖိုးရှိ ပြောင်း ဖူးစေ့ ၁၅၆၅ တန်နဲ့ ချင်းရွှေဟော်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၈၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၁၉၁၃ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၂၁၈၄ တန်လျော့နည်းခဲ့ပါတယ်။ သယ်ယူ စရိတ်မှာ ယခုတစ်ပတ်တွင် ပြောင်းတစ်ပိဿာကို ၆၇-၆၈ကျ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် မေတွင် ပို့ကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၅၇ သန်း၊ သွင်းကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ၁၃ ဒသမ ၅၄၄ သန်းေ ဆာင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၄၄ သန်း ဆောင်ရွက်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၉ သန်းပိုမိုဆောင်ရွက်ခဲ့တဲ့အပြင် ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်&nb
Export စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ယခင်ကခွင့်ပြုခဲ့သည့်ကုန်ပစ္စည်း အမယ်များအပြင် နောက်ထပ်ကုန်ပစ္စည်းအမယ် ၁၄ မျိုးကိုပါ Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုနိုင် ရန်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ Re-export စနစ်ဖြင့် ထပ်မံခွင့်ပြုပေးလိုက်သည့် ကုန်ပစ္စည်းအမယ်များမှာ ကားတာယာ၊ နှမ်း(နှမ်းဖြူ၊နမ်းနက်) ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချို ရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ် အထည်၊ စားသုံးဆီနှင့် ကြက်သွန်ဖြူတို့ဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ်မေလအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်း ရှိပြီး အနီးစပ်ဆုံးကာလထက် ကန် ဒေါ်လာ သုည ဒသမ ၃၉၈ သန်း၊ ယမန် နှစ်ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၂၅၅ သန်း လျော့နည်းဆောင် ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ လျော့နည်း ရခြင်းမှာ စစ်တွေမြို့မှာ မေလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွန်နုဆိုင် ကလုန်းမုန် တိုင်း တိုက်ခတ်မှုကြောင့် ပို့ကုန် သွင်း ကုန်လုပ်ငန်းများ နှစ်ပတ်နီးပါးခန့် ရပ်ဆိုင်းခဲ့ရခြင်း၊ ရေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြို့နယ် များမှာ ဇွန်မှစတင်ပြီး ဝါးမျှစ်များ ဈေးကွက်ထဲမှာ အရောင်း အဝယ်ရှိနေတာတွေ့ရပါတယ်။ ရာသီစာမျှစ်ပေါ်စ နယ်အဝယ် ဒိုင်များ အပြိုင်အဆိုင်ဝယ်ယူမှုရှိနေ လို့ ေ ဒသခံ မျှစ်ချိုးေ ရာင်း သူများ မိသားစုဝင်ငွေရနေတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်ရွာငံမြို့နယ်မှ ထွက်ရှိတဲ့ကော်ဖီစေ့များ ကို ပြည်ပ နိုင်ငံများမှ ဝယ်လိုအားမြင့်တက်လာသဖြင့် ရွာငံဒေသထွက် ကော်ဖီစေ့ ဈေးနှုန်းများ မြင့်တက်နေကြောင်း၊ ရွာငံမြို့မှ ထွက်ရှိတဲ့ကော်ဖီစေ့များကို တရုတ်နိုင် ငံ၊ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံများသို့တင်ပို့ပြီး ဂျပန်နိုင်ငံမှ လည်းဝယ်ယူရန် ဈေးကွက်ကို စောင့်ကြည့်လေ့လာနေကြောင်း ရွာငံ ကော်ဖီ အသင်းမှ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး စခန်းစုံမှ ကန်ဒေါ်လာ ၃ ဒသမ ၀၇၀ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၉၆၈ တန်ခွဲကို ဇွန် ၄ ရက် မှ ၁၀ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်း အလိုက်တင်ပို့ခဲ့တာကတော့ မူဆယ်မှ တန်ချိန် ၉၅၅၀၀၊ လွယ်ဂျယ်မှ ၂၂၀၂ တန်ခွဲ၊ ချင်းရွှေဟော်မှ ၁၀၆ တန်နဲ့ ကန်ပိုက်တီးမှ ၅၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေးခုကနေ ပြောင်းတန်ချိန် ၉၅၇၆ တန်ခွဲသာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်ပြောင်းတင်ပို့မှုမှာ ၂၃၃၇ တန်ပိုမိုလာတာတွေ့ရပါတယ်။ သယ်ယူစရိတ်မှာ ယခု တစ်ပတ်အတွင်းပြောင်းတစ်ပိဿာကို ၆
မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ ဇွန် ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်း တန်ဖိုးရှိ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရေချိုငါးမျိုးစုံ ရှစ်တန်ခွဲ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရေချိုငါး မျိုးစုံအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၄၇၃ တန်၊အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ငါးသေတ္တာ ၁၆ တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း တန်ဖိုးရှိ ဆပ်ပြာမှုန့် ၁၇ တန်၊ အမေရိကန်ဒေါ်လာ သုည ဒ