admin_ygn

ဒီတစ်ပတ် လားရှိုးဈေးကွက်မှာ ပြောင်းဈေး တစ်ပိသာ ၄၀၀ ကျပ်နဲ့ ဆက်တိုက်ဈေးငြိမ်နေရာက ဒီတစ်ပတ်မှာ တစ် ပိဿာ ၄၁၀ ကျပ် ( တစ်တန် ၂၅၁၀၇၉ ကျပ် )နဲ့ ဈေးမြင့်အဝယ်ဖွင့်ခဲ့ကြောင်း သိရပါတယ်။  တရုတ်ဝယ်လက်နဲ့ တိရစ္ဆာန် အစာစပ် စက်ရုံများမှ ဝယ်ယူခဲ့ပြီး တစ်ပတ်အတွင်း ပိသာချိန် ၇၄၆၀၀ ခန့်   အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခင်တစ်ပတ်ထက် ရောင်းဝယ်မှုပိုမိုခဲ့ကြောင်း သိရပါတယ်။

admin_ygn

ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ သီတင်းပတ်တွင် မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးမှ နှမ်းဖြူ တန် ၂၄၀ ခွဲ၊ နှမ်းနက် ၇၃၃ တန်ကျော်နဲ့ နှမ်းညို ၄၇ တန်ခွဲကို အမေရိကန်ဒေါ်လာ ၁ ဒသမ၃၇၆သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ချင်းရွှေဟော်စခန်းမှ   နှမ်းဖြူ ၄၃၇ တန်နဲ့ နှမ်းနက် ၂၁၂ တန် ခွဲသာ တင်ပို့ခဲ့တာကြောင့် ချင်းရွှေ ဟော်မှ ယခုတစ်ပတ် နှမ်းတင်ပို့မှု  ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်  ။ မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်ကတော့ ယခင်တစ်ပတ်က နှမ်းနက် ၂၈ တန်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် ၅ တန်ခွဲသာ တင်ပို့မှု ရှိပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နှမ်း ဈေးတွေပြောင်းလဲမှုမရှိဘူးလို့

admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၁၅၃၄၃၀၇ တန် ဖိုးရှိ မြေသြဇာ ၇၆၃၀ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ဒီတစ်ပတ် တရုတ်နိုင်ငံ မှ တန်ချိန် ၃၅၂၀၊ ဂျပန်နိုင်ငံမှ တန်ချိန် ၃၂၀၊ မလေးရှားမှ တန်ချိန် ၂၀၀၊ စင်ကာပူမှ တန်ချိန် ၇၁၀၊ ထိုင်းနိုင်ငံမှ ၂၀၄၄ ဒသမ ၅၀ တန်နဲ့ ဗီယက်နမ်မှ ၈၃၆ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ကယ်လ်ဆီယမ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ကယ်လ် ဆီယမ်ဆီလီကာနဲ့ အခြားအမျိုးအစားများ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်အဝင

admin_ygn

မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်တဲ့ နှမ်းရောင်စုံများ (နီ၊ ညို၊ နက်၊ ဖြူ၊ ဝါ၊ ကြား၊ ပန်းနှမ်း)ကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မတ္တရာ၊ အမရပူရ၊ တောင်သာ၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်း စသည့်ဒေသ များတွင် စိုက်ပျိုးကြောင်း နှမ်းများကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ ရာသီအလိုက် ခွဲခြမ်း စိုက်ပျိုးကြောင်း  သိရပါတယ်။ ယခုနှစ်  မေလလယ်မှ ဧပြီလဆန်း အတွင်းစိုက်ပျိုးတဲ့နွေနှမ်းများ ကို ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်း များမှာ စတင်ရိတ်သိမ်းေ>ခလှေ့ကြောင်း၊ နွေနှမ်းများကို မန္တလေးတိုင်း ဒေသကြီးအတွင်း ၈၁၅၅၁ ဧက စိုက်ပျိုးရန် လျာထားရာ အမှန် တကယ်စိုက်ပျိုးရာတွင် ၇၅၁၁

admin_ygn

ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူအိတ်တွေ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေပါတယ်။ အရောင်းအဝယ် အေး ပေမယ့်လည်း ဝင်လာတဲ့ ကြက်သွန်ဖြူဈေးကတော့ ယခုတစ်ပတ်မှာ တစ်ပိဿာကို ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးထပ်မံမြင့် တက်နေပါတယ်။(ပွဲရုံဈေး) ကြူကုတ်တစ်ပိဿာလျှင် ကျပ် ၃၄၀၀၊ လက်လီတစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၀၀၀ အထိရောင်းချပြီး၊ (ရှမ်းစ) ပွဲရုံဈေး ကျပ် ၃၇၀၀ နှင့် လက်လီကျပ် ၄၀၀၀ တို့ရှိပါတယ်။ တရုတ်ပြည်ဘက်မှ
 ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူ (ကြူကုတ်စ) တွေက အဝင်အနည်းအများကြောင့် မဟုတ်ဘဲ တရုတ်ငွေကြေး(ယွမ်) ဈေးတက်နေတာကြောင့် ဈေးနှုန်းတွေမြင့်နေတာဖြစ် ကြောင်းလည်း သိရပါတယ်။   

admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်း ပတ်အတွင်း မန်ကျည်းတန်ချိန် ၁၁၀ ကို   ပင်လယ်ရေကြောင်းလမ်းမှ စင်ကာပူနိုင်ငံသို့   တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုမှာ တန်ချိန်၁၉၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်  တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ၈၀ ကျော်   တင်ပို့မှုလျော့ခဲ့တယ်လို့သိရ ပါတယ်။  မန်ကျည်းတင်ပို့မှုမှ   ကန် ဒေါ်လာ ၅၉၉၅၀၀င်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။          
    

  သီတာဝင်း(DOT)

admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊ အိန္ဒိယ သို့ တန်ချိန် ၅၀၊ မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော် သာရှိ ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။     &nbsp

admin_ygn

အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။  ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ  မရှိတော့ပါဘူး။ ဒီနှစ်မှာတော့ အရောင်းအဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export  ကလည်းမရှိတာကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်

admin_ygn

 မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်း တန်ဖိုးရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီး တင်ပို့ခဲ့ပါတယ်။ မြဝတီကုန်သွယ်ရေးမှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန