admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ နှမ်းဖြူ  ၉၂၁ တန် ကျော်နဲ့ နှမ်းနက် ၁၂၄၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တ ပတ်က ချင်းရွှေ ဟော်မှ နှမ်းရောင်စုံ ၁၇၇၁ တန်ကျော်နဲ့ တာချီလိတ်မှ နှမ်းနက် ၁၀ တန် တင်ပို့ခဲ့ပါ တယ်။

admin_ygn

     တမူးကုန်သွယ်ရေးစခန်းရဲ့အဓိကပို့ကုန်ဟာ ကွမ်းသီးဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းရှင်များထံမှ ရရှိတဲ့အတည်ပြုဆဲဈေးကွက်သတင်းများအရ အိန္ဒိယအစိုးရဟာ ပင်လယ်ရေကြောင်းမှ ကွမ်းသီးတင်သွင်းမှုကို ပိတ်ထားပြီး နယ်စပ်ဒေသ မှသာ ခွင့်ပြုမယ်လို့သိရှိရပါတယ်။ အခြားသတင်းများအရလည်း အိန္ဒိယအစိုးရဟာ ကွမ်းသီးတင်ပို့မှုကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံတယ်လို့ လည်း ပြောဆိုမှုများ ရှိပါတယ်။

admin_ygn

     ဇူလိုင်လ နောက်ဆုံးပတ်မှာ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ဆီးဖတ် ၆၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ မန်ကျည်းဖတ် ၄၄ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၀ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၁၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။  ဇူလိုင်တတိယ ပတ်ထက် ဆီးဖတ်၊ မန်ကျည်းဖတ်နဲ့ မန်ကျည်းစေ့ တန် ၁၀၀ ကျော် ပိုမိုတင် ပို့နိုင် တာ တွေ့ရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၃၇၆ တန်ဖိုးရှိ ကြက်သွန်နီတန် ချိန် ၆၃၄ တန်နီးပါး တင်ပို့ခဲ့ပြီး၊ တစ် နေ့ကို ပျမ်းမျှကားစီးရေ ငါးစီးကျော် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက် ၁၉၄၇ တန်လျော့ နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

     ဇူလိုင်လ တတိယပတ်အတွင်း ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၃ သန်း တန်ဖိုးရှိ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယတို့မှ ဆိုင်ကယ် ၁၁၄၆၄ စီးတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခင် တစ်ပတ်ထက် စီးရေ ၂၀၀၀ ကျော်  လျော့နည်းတင်သွင်းခဲ့ပေမယ့် တရုတ်နယ်စပ်မှ  မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး  ကုန်သွယ်ရေးစခန်းများမှ တရုတ်ဆိုင်ကယ်စီးရေ  ၁၀၀၀၀ ကျော်၊ တာချီလိတ်နဲ့   မြဝတီကုန်သွယ်ရေး စခန်းများမှ ယိုးဒယားဆိုင်ကယ် ၁၂၉၂ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အန္ဒိယ ဆိုင်ကယ် ၅၅ စီး အသီးသီး တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင်လ တတိယပတ်တွင် အမေရိကန် ဒေါ်လာ သုညဒသမ ၃၅၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၁ မျိုး၊ ၁၉၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မာလာဥခေါင်း၊ တောချင်း၊ တောင်လုံးကျော်၊ ဆီးဆန်၊  ရွေးရွက်၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့ ၊ ချဉ်ပေါင်ဖာလာ၊ ဝဥခြောက် ၊ ဒရင်ကောက်မြစ်နဲ့  ကွမ်းစားဂမုန်းတို့ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ လည်း အမေရိကန်ဒေါ်လာ ၂၀၆၈၅၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၂၉၅ တန်ခွဲ တင်ပို့ ခဲ့ပါတယ်။

admin_ygn

      ဇူလိုင်တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၂၁ သန်း တန်ဖိုးရှိ သကြား ၂၂၀၃၇ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၅၂၁၉ တန်အထိ တင်ပို့မှုရှိခဲ့လို့ ယခုတစ်ပတ် သကြားတင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားခဲ့တာတွေ့ ရပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားဈေးမှာ တစ်တန်လျှင် ရှစ်သိန်း သုံးသောင်းကျပ်ရှိနေပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၃၈-၂၄၀ ယွမ်အထိဈေးရှိနေတယ်လို့ သိရပါတယ်။

admin_ygn

      ဇူလိုင် တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၂၀၀၃ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၉၄၈ တန်ဖိုးရှိ ကော်ဖီစေ့ ခြောက်တန်ခွဲတင်ပို့ခဲ့ပါတယ်။

admin_ygn

        မောတောင်ဆိုတာ မြိတ်မြို့ရဲ့ အရှေ့ဘက် ၁၁၈ မိုင်အကွာ၊ တနင်္သာရီ မြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာရှိတဲ့  ထိုင်းနယ်စပ်က မြန်မာရွာလေး  တစ်ရွာပါ။  မောတောင်နဲ့ကပ်လျက် နယ်နိမိတ် ချင်း ထိစပ်နေတာကတော့ ထိုင်းပင် လယ်ကွေ့၊  ကရာကျွတ်ကရီ ရန်ခရိုင်မှာရှိတဲ့  ဗန်ကောက်-ရနောင်း ကားလမ်းနဲ့ ၁၅ မိုင် အကွာက  ဒန်ဆင်ခွန်း ထိုင်းရွာ လေးပဲဖြစ်ပါတယ်။   မောတောင်-ဒန်ဆင်ခွန်းဆိုတဲ့နှစ်နိုင်ငံနယ်စပ် ဒေသလေးဟာ အနောက် ဘက် ကပ္ပလီပင်လယ် မြိတ်ဒေသနဲ့ အရှေ့ဘက်ထိုင်း  ပင်လယ်ကွေ့ (ကရာကျွတ်ကရီရန်ဒေသ) တို့ကို ပေါင်းကူးဆက်သွယ်ပေး ထားတဲ့  နယ်စပ်ဖြတ်သန်းနေရာ

admin_ygn

       မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။  မြဝတီနဲ့  မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။