မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအ​ြေခအနေ

၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၃ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်ပြီး၊ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၈၅၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၆.၈၉၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၄၇%) ဆောင်ရွက်နိုင်ခဲ့သည်။

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏမှာ (၁.၀၈၀) ဖြစ်ပြီး လျာထားချက် အပေါ်အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၁၃၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၂) နှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁.၁၄၀) ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၀၆%) ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ပန်းသီး၊ ကွမ်းသီး၊ ချင်း(အစို)၊ ထန်းလျက်၊ မရမ်းသီး၊ အုန်းသီး၊ ငရုတ်သီးခြောက်၊ ရေထွက်ပစ္စည်းမှ ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ပုစွန်ခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ငါးသလောက်၊ စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ ဆန်ကြာဆံတို့တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် Plastic Pipe နှင့် Aluminium Water Pot တို့တင်သွင်းနိုင်ခဲ့သည်။