ညောင်ခါးရှည်ရှောင်ကွင်းလမ်းမှ လိုက်ထရပ်ယာဉ်နှစ်စီးပေါ်မှ ကွမ်းစားဆေးများ စစ်ဆေးတွေ့ရှိ

   မတ်လ ၃ ရက်နေ့ ၀၀း၄၅ ချိန် ဝေါမြို့နယ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဖွဲ့လှည့်လည်စစ်ဆေးနေစဉ် အဗျား-စစ်တောင်းတံတားသစ် ကြားအရောက်မှာ စစ်တောင်း တံတားသစ်မှ ရန်ကုန်ဖက်သို့ထွက်ခွာသွားသော လိုက်ထရပ်ယာဉ်နှစ်စီးညောင်ခါးရှည်ရွာဘက်သို့ ဝင်ရောက် သွားကြောင်းလရ ၂ သို့ သတင်းပေးပို့တဲ့အတွက် မိုဘိုင်းတင်းမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစီးတဲ့ အဖွဲ့ဟာ အဗျားဘက်မှ ညောင်ခါးရှည်-လက်ပံ သုံးပင်-ပန်းပဲစု-ဘုရားပျို-အဗျား ရှောင်ကွင်းလမ်းအားပိတ်ဆို့တားဆီးရန် ည ၂ နာရီ မိနစ် ၂၀အချိန်တွင် စေလွှတ်ခဲ့ရာမှာ အဗျားရွာလယ်နောက်ကွင်း လမ်းအတိုင်းဝင်ရောက်စဉ် လိုက်ထရပ်ယာဉ်နှစ်စီးမှ ယာဉ်မောင်းများ ကိုယ်လွတ်ရုန်းထွက်ပြေး သွားခဲ့ကြပါတယ်။ ယာဉ်အား စစ်တောင်းတံတားသစ် တံတားဟောင်းလမ်းဆုံသို့ဆွဲယူပြီး အသေးစိတ် ဖွင့်ဖောက်စစ်ဆေးရာမှာတော့ ကွမ်းစားဆေးများကို ယာဉ်တစ်စီးချင်း အလိုက် ၁၄၄ တာနဲ့၁ ၄၆တာ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

  ဖွဲ့စည်းပုံမှာတော့၁တာလျှင် (၅၀ဂရမ် x ၁၀ဘူး x ၃၀)ပါကင်ပါတာများဖြစ်ပြီး ကုန်အမှတ်တံဆိပ်ကတော့ ''TOBACCO'' လို့ ရှေ့ပြေးသတင်းရရှိပါတယ်။

DCCA