ကုန်သွယ်ရေးယာဉ်များထံမှ ငွေကြေးတောင်းခံနေသောဂိတ်များ အမြန်ဆုံးပိတ်သိမ်းရန် မဏိပူရပြည်နယ်ဒုတိယဝန်ကြီးချုပ်ကတောင်းဆို

   မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တစ်ဝှမ်းရှိ ပြည်နယ်အစိုးရသတ်မှတ်ထားတဲ့နေရာများမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့များ ကဂိတ်ဖွင့်လှစ်ပြီး ကုန်သွယ်ရေးယာဉ်များထံက ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း၊ အဆိုပါဂိတ်များ အမြန်ဆုံးပိတ်သိမ်းပေးရန် ပြည်နယ်ဒုတိယဝန်ကြီးချုပ် ရိုင်ခန့်ဂန် က တောင်းဆိုခဲ့ကြောင်း၊ အစိုးရလုံခြုံရေးတပ်ဖွဲ့များ တောင်ပေါ်ခရိုင်များမှာ ငွေကြေးတောင်းခံမှုများကြောင့် ဆန္ဒပြမှုများဖြစ်ပွားလာနိုင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

နေထက်မင်း (တမူး)