တရားမဝင်သယ်ဆောင်လာတဲ့ ထွန်စက်နှစ်စီးကိုတားဆီးနိုင်

   မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းတွင်စားသုံးသူအကာအကွယ်ပေးရေးနှင့်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ် ဖေဖော်ဝါရီ ၂၆ ရက် က ထွန်စက်နှစ်စီးတင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ် ၆ခ/xxxx ဝင်ရောက်စစ်ဆေးခံရာမှာ ကျောက်မဲမြို့ စက်မှုလယ်ယာမှထွန်စက်နှစ်စီးအားပြင်ဆင်ရန် မန္တလေးမြို့ သို့သယ်ဆောင်လာခြင်းအားဖြတ်သန်းသယ်ယူခွင့်တင်ပြလာပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်ပေါ် လိုက်ပါလာသူများအား စာရွက်စာတမ်း အထောက်အထားများတောင်းခံခြင်း၊ အခြေအနေကို မေးမြန်းခြင်းတို့ ပြုလုပ်ရာမှာတော့ စာရွက်စာတမ်း အထောက်အထားပြသနိုင်မှုမရှိတဲ့အပြင် စက်မှုလယ်ယာဦးစီးဌာနပိုင်မဟုတ်ဘဲ မူဆယ် မော်တောင်းရွာ အနီးမှ အခကြေးငွေရယူပြီး တရားမဝင် သယ်ဆောင်လာတယ်ဆိုတာ ဖော်ထုတ်ရရှိခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ် ယာဉ်မောင်းနဲ့ ယာဉ်ပေါ်လိုက်လာသူတို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် လိမ်လည်ပြီးဖြတ်သန်းရန် ကြိုးပမ်းခဲ့တဲ့ ထွန်စက်နှစ်စီးနဲ့ တင်ဆောင်လာ တဲ့ ၁၂ ဘီးယာဉ်တို့အား လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက် ခွန် အမှုတွဲ ဖွင့်အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လယ်ထွန်စက်တစ်စီးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း  ၁၂၀  ဖြစ်ပြီး ၁၂ ဘီးယာဉ်တစ်စီးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် သိန်း  ၃၂၀ ဖြစ်တဲ့အတွက် စုစုပေါင်းတားဆီးရမိ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၅၆၀ ဖြစ်ပါတယ်။ 

DCCA