ယာဉ်နှစ်စီးပေါ်မှ ID ထက်ပိုမိုတင်ဆောင်လာတဲ့ ခြင်ရိုက်တံနဲ့ Ear Phone များ သိမ်းဆည်းရမိ

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည်  ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်  ၁၂ ဘီး ယာဉ်ပေါ်မှ ID ထက် ပိုမိုတင်ဆောင်လာတဲ့ Samsung အမှတ်တံဆိပ် Ear Phone များကို သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ၈ ရက်နေ့တွင်လည်း ၆ ဘီး ဂျူတီယာဉ်အား စစ်ဆေးရာယာဉ်ပေါ်မှ ID ထက်ပိုမိုတင်ဆာင်လာတဲ့ ခြင်ရိုက်တံ (180 U) နဲ့ ID ဆောင်ထားခြင်းမရှိတဲ့ သစ်သီးဖျော်စက် (24U) အား သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ သိမ်းဆည်းရမိ ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်  ၁၀ သိန်းကျော်ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့အပ်နှံပြီး အမှုတွဲဖွင့်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

DCCA