မြဝတီ၊ ကော့သောင်း၊ မြိတ်ရှိ နယ်စပ်စခန်းများမှ ယခုတစ်ပတ်အတွင်း ရေထွက်ကုန် ကန်ဒေါ်လာ ၃ သန်းကျော်တင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ မှမတ်လ ၆ ရက် အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းများအလိုက်တင်ပို့နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန် မှ ကန်ဒေါ်လာသုည ဒသမ ၁၀၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၅ တန်ကျော်၊ ကဏန်း ၈ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။

   ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၉ သန်းတန်းဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ  ၁၈၃၉ တန်ကျော်၊ ကင်းမွန် ၄၂ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၁ တန် ကျော်၊ ကဏန်း ၁ တန်၊ ရေဘဝဲနဲ့ ခရုကမာခွံ အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။

   မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၃၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၁၃၅ တန်ကျော်၊ ရေငန်ပုစွန် ၁၄ တန်ကျော်၊ ကင်းမွန် ၁ တန်ကျော်၊ ကဏန်းသေး (အသေ) ၂ တန်ကျော်၊ သဲကဏန်း ၁ တန်ကျော်နဲ့ ငါးမှုန့်တန်  ၁၅၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT( DCCA)