မတ်လပထမပတ်မှာ နယ်စပ်စခန်းများမှ ဆန်တန်ချိန် ၄၆၀ ကျော်ပိုမိုတင်ပို့

  မတ်လ ပထမပတ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၄၃၁သန်းဖိုးရှိတဲ့ ဆန် တန်ချိန် ၁၄၈၄၂ တန်ကျော်ကို တစ်ဖက် တရုတ်နိုင်ငံ ကို တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ထက် ၄၆၂ တန်  ပိုမိုတင်ပို့ထားနိုင်ပြီးမူဆယ်မှငစိန်ဆန် ၇၉၅၈တန်ခန့်၊ ဧည့်မထ ဆန် ၃၈၈၄ တန်ကျော်နဲ့လွယ်ဂျယ်မှ တန် ၃၀၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။

   ဆန်တင်ပို့မှုပိုမိုသလို ဆန်ကွဲတင်ပို့မှုလည်းပိုမိုပါတယ်။ ယခုရက်သတ္တပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၀၁ သန်းဖိုးရှိ ဆန်ကွဲ ၅၈၅၀ တန်တင်ပို့နိုင်ခဲ့ပြီး ယခင် ရက်သတ္တပတ်ထက် တန်၆၇၀ ပိုမိုတင်ပို့ နိုင်ခဲ့တယ်လို့သိရပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)