ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးမှ ယမန်နှစ်ကာလတူထက် ဖေဖော်ဝါရီလကုန်သွယ်မှုပိုမို

   မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ဖေဖော်ဝါရီလမှာ ပို့ကုန်ကန်ဒေါ်လာ ၁ဒသမ  ၀၃၀ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၇ ဒသမ ၃၀၅သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈ဒသမ ၃၃၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၁ဒသမ ၇၅၆ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။

   နှစ်သစ်ကူးကာလနဲ့တိုက်ဆိုင်နေတဲ့အတွက် အနီးစပ်ဆုံးကာလဖြစ်တဲ့ဇန်နဝါရီလထက် ကုန်သွယ်မှုပမာဏ ၁ဒသမ ၁၃၀ သန်းလျော့နည်းခဲ့သော်လည်း ယမန်နှစ်ကာလတူ နဲ့နှိုင်းယှဉ်လျှင်တော့ ကုန်သွယ်မှု ပမာဏ ၆ ဒသမ၀၂၄သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူထက်ပြောင်းတင်ပို့မှု အနည်းငယ်လျော့နည်းခဲ့သော်လည်း တစ် သျှူးငှက်ပျောပိုမိုတင်ပို့နိုင်ခဲ့လို့ ပိုမိုတင်ပို့နိုင်ခဲ့သလို သွင်းကုန်ပိုင်းမှာလည်း ဘိလပ်မြေ၊ မော်တော်ဆိုင်ကယ်၊ ယာဉ်ယန္တရားများနဲ့ဆောက်လုပ်ရေးပစ္စည်းများ ပိုမိုတင်သွင်းနိုင် ခဲ့တဲ့အတွက် ကာလတူထက်ကုန်သွယ်မှုပိုမိုခဲ့တာလို့သိရပါတယ်။

   ကန်ပိုက်တီးနယ်စပ်မှ တစ်ဦးချင်းကုန်သွယ်ခွင့်လက်မှတ် ITC ကတ်အသုံးပြုပြီးပို့ကုန်အနေနဲ့ ပြောင်းဖူးစေ့တင်ပို့မှုရှိပြီး သွင်းကုန်အနေနဲ့ အိမ်ရိုက်သံ၊ သံပိုက်၊ မော်တော် ဆိုင်ကယ်အပိုပစ္စည်း၊ ချည်၊ ပီနန်စ၊ ရေအိမ်သုံးစက္ကူ၊ တာယာ၊ပန်းသီး၊ အဝတ်အထည်များ၊ စောင်ကြမ်း၊ ဓာတ်ဘူးစသည်တို့တင်သွင်းခဲ့တယ်လို့သိရပါတယ်။

MIRT (  DCCA )