အိန္ဒိယအိုင်တီလုပ်ငန်းများ ဒစ်ဂျစ်တယ်ခေတ်ဦးကို ဝင်ရောက်လာ

Fri, 06/03/2016 - 08:15 -- admin_ygn

အိန္ဒိယနိုင်ငံရဲ့  သတင်းအချက် အလက်နည်းပညာ (အိုင်တီ)ဝန်ဆောင် မှုလုပ်ငန်းတွေက ၂၀၀၈ ခုနှစ် ဘဏ္ဍာ ရေးအကျပ်အတည်းကာလမှစပြီး နိမ့် ချည်တစ်ခါ၊   မြင့်ချည်တစ်လှည့်ဖြစ် ကြောင်းနဲ့   ယခုအခါမှာ နည်း ပညာ ကုမ္ပဏီတွေက   မဟာဗျူဟာမြောက် အနေအထားကို   ရောက်ရှိလာခဲ့တဲ့ အတွက် အိန္ဒိယနိုင်ငံရဲ့  အိုင်တီဖွံ့ဖြိုးမှု က ဒစ်ဂျစ်တယ်ခေတ်ကို ကူးပြောင်းစ ပြုလာပြီဖြစ်ကြောင်းသည်ဟိန္ဒုဝက်ဘ် ဆိုက်သတင်းမှာ ဖော်ပြပါတယ်။
ဥပမာအားဖြင့်  အိန္ဒိယနိုင်ငံရဲ့ အိုင်တီကုမ္ပဏီတစ်ခုဖြစ်တဲ့Infosys က မကြာသေးမီ   ကာလအတွင်းမှာ လုပ် ငန်းတွေအကြီးအကျယ်   ကျဆင်းခဲ့ပါ တယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့အမှုဆောင် ချုပ် (စီအီးအို)နဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဗီရှာဆစ်ကာလက်ထက်မှာ အလှည့် အပြောင်းတစ်ခု     ဖြစ်လာခဲ့ပါတယ်။ သူချမှတ်ခဲ့တဲ့   မဟာဗျူဟာအရ ယခု အခါမှာ ဒစ်ဂျစ်တယ်နည်းပညာများကို အလေးပေးဆောင်ရွက်လာနေပြီ ဖြစ် ပါတယ်။ အိုင်တီကုမ္ပဏီတွေက ဒစ်ဂျစ် တယ်နည်းပညာအခွင့်အလမ်းတွေကို အသုံးချဆောင်ရွက်ရာမှာအကောင်း ဆုံးအနေအထားမှာရှိနေတဲ့အတွက် တိုးတက်မှု အခွင့်အလမ်းတွေမြင့်မား နေတာကို တွေ့မြင်နေရပါတယ်။လက်ရှိဆောင်ရွက်နေတဲ့   ဒစ် ဂျစ်တယ်စီးပွားရေးလုပ်ငန်းမျက်နှာစာ ကို ကြည့်မယ်ဆိုရင်   လုပ်ငန်းဆောင် ရွက်ရာမှာလိုအပ်တဲ့ အရင်းအမြစ်တွေ ရယူတဲ့ပုံစံက   ပြောင်းလဲနေပါတယ်။ ဖောက်သည်တွေက အိုင်တီဝန်ဆောင် မှုလုပ်ငန်းတွေကို  စီးပွားဘက်လုပ်ငန်း တွေအဖြစ်ရှာဖွေတဲ့အခါ     ပူးတွဲပြီး စူးစမ်းရှာဖွေမှု၊ ပူးတွဲပြီးလုပ်ငန်း အရင်း အမြစ်တွေ   ဖော်ထုတ်မှုနဲ့   ပူးတွဲပြီး တီထွင်ဆန်းသစ်မှုပြုနိုင်မယ့် သူတွေကို ဦးစားပေး     ရှာဖွေလာကြကြောင်း အိုင်တီလုပ်ငန်းဆိုင်ရာ   သုတေသန လုပ်ငန်း  ဂတ်တနာရဲ့  ဒုတိယဥက္ကဋ္ဌ ပါသာဂျန်ဂါက ပြောပါတယ်။ဂတ်တနာရဲ့   အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်မှာ   အိုင်တီလုပ်ငန်းတွေ အတွက်   စုစုပေါင်း  အသုံးစရိတ်က အမေရိကန်ဒေါ်လာ  ၃ ဒသမ ၅၄  ထရီလီယံရှိတဲ့အနက်     ဒစ်ဂျစ်တယ် နည်းပညာထွန်းကားမှုကြောင့် အိုင်တီ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့     အသုံး စရိတ်က  အမေရိကန်ဒေါ်လာ ၉၂၉ ဘီလီယံရှိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒစ်ဂျစ်တယ်နည်းပညာ က ပိုမိုအရေးပါတဲ့ကဏ္ဍကပါဝင်လာပါ တယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်လုပ်ငန်း မှ ဝင်ငွေက အိုင်တီလုပ်ငန်းမှာ အချိုး အစားကြီးမားစွာမပါဝင်သေးတာကို တွေ့ရပါတယ်။

International Trade News

Pages