အက်စ်အမ်အီးများကို ထောက်ပံ့ဖို့အတွက် ကြီးကြပ်ထိန်းချုပ်မှုတွေ အလျင်အမြန်လျှော့ ချဖို့ တောင်ကိုရီးယားသမ္မတ ကတိပြု

Wed, 05/25/2016 - 05:49 -- admin_ygn

ပြည်တွင်းအသေးစားနဲ့အလတ် စားစီးပွားရေးလုပ်ငန်းများ (အက်စ်အမ် အီး) ကို အထောက်အပံ့ဖြစ်စေရန် အတွက်    ကြီးကြပ်ထိန်းချုပ်မှုတွေကို ထိထိရောက်ရောက်  လျင်လျင်မြန်မြန် ဆောင်ရွက်ဖို့ တောင်ကိုရီးယားသမ္မတ ပတ်ဂွင်ဟေးက မေ ၂၀ ရက်က ပြော ကြောင်း   ယွန်းဟပ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။မလိုလားအပ်တဲ့ ကြီးကြပ်ထိန်း ချုပ်မှုတွေကြောင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေ ကြောင်းလည်း သမ္မတ ကပြောပါတယ်။ တောင်ကိုရီးယား  ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကမ္ဘာ့ဈေးကွက်အတွင်း ဝင်ရောက်နိုင်ရေးအတွက်  အုပ်ချုပ်မှု ဆိုင်ရာအထောက်အပံ့တွေကို အသင့် ဖြစ်အောင် ဆောင်ရွက် မှာဖြစ်ကြောင်း အက်စ်အမ်အီးခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်သမ္မတက ကတိပြုပြောကြား ပါတယ်။ကမ္ဘာ့ဈေးကွက်ထဲကို တိုးချဲ့ ဝင် ရောက်နိုင်ဖို့အတွက် အီလက်ထရွန်းနစ် ကောမတ်ကဲ့သို့သော စီးပွားရေးပလက် ဖောင်းတွေ မှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ပြုလုပ်ကြဖို့ စွန့်ဦးတီထွင်သူတွေကို သမ္မတက တိုက်တွန်းပါတယ်။သမ္မတပတ်ဂွင်ဟေးက   သမ္မတ ရာထူးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ စတင်တာဝန်ယူပြီးနောက် မကြာမီမှာပဲ ပြည်တွင်း အက်စ်အမ်အီးတွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။  အဲဒီအချိန်ကစပြီး  မေလ တတိယရက်သတ္တပတ်တိုင်းမှာ နှစ်စဉ် တွေ့ဆုံခဲ့ပါတယ်။   အဆိုပါ တွေ့ဆုံပွဲ မှာပဲ   အလုပ်အကိုင်သစ်တွေဖန်တီး ပေးတဲ့အတွက် အက်စ်အမ်အီးတွေကို ချီးကျူးပြောကြားခဲ့ ပါတယ်။  လွန်ခဲ့တဲ့ တစ်နှစ်အတွင်း  ပြည်တွင်းအက်စ်အမ် အီးတွေက  လူငယ်လူရွယ်များအတွက် အလုပ်အကိုင်သစ်  ၁၆၈၀၀၀ ကိုဖန်တီး ပေးခဲ့ပါတယ်။

 

International Trade News

Pages