ဟောင်ကောင်တွင်The 4th International Myanmar Pearl Auction (Hong Kong) ပြပွဲ ကျင်းပ

Tue, 03/22/2016 - 04:35 -- admin_ygn

    The  4th  International Myanmar Pearl Auction (Hong Kong) ပြပွဲကို ၂၀၁၆ ခုနှစ်  ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ဟောင်ကောင်တွင်ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာန၊  မြန်မာ့ပုလဲထုတ် လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများဦးဆောင်၍  အမေရိကန်ဒေါ်လာ ၆ယ၈၁၈ယ၆၀၀  တန်ဖိုးရှိ ပုလဲ အတွဲ ပေါင်း ၃၂၄ တွဲ၊  ပုလဲလုံးရေ ၁၂၃၅၆၂ လုံး၊  အလေးချိန် ၈၁၆၈၅ ဒသမ ၈၅  မိုမီပုလဲများ သွားရောက်ပြသရောင်းချခဲ့ရာပုလဲအတွဲပေါင်း ၃၂၁  တွဲ၊ ပုလဲလုံးရေ ၁၂၂၆၃၆  လုံး၊ အလေးချိန် ၈၁၀၃၃ ဒသမ ၀၅ မိုမီ၊  အမေရိကန်  ဒေါ်လာ ၁၂ယ၅၂၇ယ၈၇၆ ရောင်းချခဲ့ရသဖြင့် ကြမ်းခင်းဈေးပေါ်တွင် ၈၅ ရာခိုင်နှုန်း ပိုမို ရောင်းချခဲ့ရကြောင်းသိရှိရပါသည်။ အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီပေါင်း ၈၀ တက်ရောက်ခဲ့ပြီး ပုလဲကုန်သည်ကုမ္ပဏီပေါင်း ၆၁ ခုမှ တင်ဒါ အောင်မြင်ခဲ့ပါသည်။  ယင်းပြပွဲသို့ ဂျပန်နိုင်ငံမှ Kobe Pearls & Gems Co.,Ltd ကတန်ဖိုးငွေအမေရိကန်ဒေါ်လာ ၁ယ၁၉၇ယ၃၈၁ ဖြင့်အများဆုံး တက်ရောက်ဝယ်ယူခဲ့ကြောင်းသိရှိရပါ သည်။အဆိုပါပြပွဲသို့မြန်မာ့ပုလဲများသွားရောက်ပြသခြင်းဖြင့် မြန်မာ့ပုလဲများအား ပြည်ပတွင်ရောင်းချခဲ့သည့် ပုလဲပြပွဲများတွင် အများဆုံး  ရောင်းချခဲ့ရသော  ပမာဏဖြစ်ခြင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲများ  နိုင်ငံတကာဈေးကွက်တွင်  နေရာတစ်ခု ခိုင်ခိုင်မာမာရရှိခြင်း၊ မြန်မာ့ပုလဲများကို ကမ္ဘာကသိစေခြင်း၊ ကုန်သည်အသစ် များတိုးပွားခြင်း၊ နိုင်ငံခြားငွေများပိုမိုရရှိခြင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်၍ပုလဲမွေးမြူရေး  လုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာစေရန်  ဆွဲဆောင်မှုရရှိခဲ့ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့သည့်အတွက်အောင်မြင်သော ပြပွဲတစ်ပွဲ ဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။
ဇင်းလင်းအောင်  (TF)

International Trade News

Pages