ရေနံထုတ်လုပ်သူများရဲ့ အပြုသဘောဆောင်တဲ့ အစည်းအဝေးကို ဧပြီလမှာ ကျင်းပနိုင်မယ်လို့ အိုပက်အထွေအထွေအတွင်းရေးမှူး မျှော်လင့်

Tue, 03/29/2016 - 06:44 -- admin_ygn

  အီရန်နိုင်ငံက ရေနံတင်ပို့မှုကို မြှင့်တင်ဖို့ကြိုးစားနေ ပေမယ့် ဈေးနှုန်း တွေကို အထောက်အကူပြုစေဖို့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံများရဲ့ ရေနံ ထုတ်လုပ်မှုထိန်းချုပ်ရေး အစီအစဉ်မှာ လက်တွဲပါဝင်လိမ့်မယ်လို့မျှော်လင့် ထားကြောင်းရေနံတင်ပို့တဲ့နိုင်ငံများ အဖွဲ့ (အိုပက်) အထွေထွေအတွင်းရေး မှူးရဲ့မတ် ၂၁ ရက်က ပြောကြားချက် ကိုကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ရေနံစိမ်းထုတ်လုပ်မှုထိန်းချုပ် ဖို့အတွက် အိုပက်အဖွဲ့ဝင် နိုင်ငံတွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေက ကာတာ နိုင်ငံမှာ ဧပြီ ၁၇ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာ အနောက်နိုင်ငံတွေကစီးပွားရေးပိတ်ဆို့မှုကိုရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း အီရန်နိုင်ငံက ရေနံစိမ်းတင်ပို့မှုကို တိုးမြှင့်ဖို့ကြိုးပမ်းလျက်ရှိပါတယ်။''အစည်းအဝေးရလဒ်က အပြုသဘောဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အစည်းအဝေးကျင်းပ မှာကို အီရန်ကမကန့်ကွက်ပါဘူး။   ဒါပေမယ့် ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး စည်းကမ်း သတ်မှတ်ချက်တွေတော့ပေးထားပါ တယ်။ မကြာမီမှာတော့အဖွဲ့ထဲကို သူတို့လည်းပါဝင်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်''လို့ဗီယင်နာမှာ ကျင်းပတဲ့   သတင်းစာရှင်းလင်းပွဲမှာ အိုပက်အထွေထွေအတွင်းရေးမှူး အဗ္ဗ ဒူလာအယ်ဘ်ဘာဒရီက ပြောပါတယ်။ထုတ်လုပ်မှုထိန်းချုပ်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့်သဘော တူညီမှုရရှိရေးက အီရန်နိုင်ငံရဲ့ အနေအထားကြောင့်သွေးဖယ်သွားမှာ မဟုတ်ဘူးလို့ဝေဖန်လျက်ရှိနေပါ တယ်။   စောစောပိုင်းက ထုတ်လုပ်သူ တွေအဓိက  ပါဝင်သင့်တယ်ဆိုတဲ့ သဘောထားကို ဆော်ဒီအာရေးဘီးယား အပါအဝင်ပင်လယ်ကွေ့ဒေသမှ ရေနံတင်ပို့တဲ့နိုင်ငံတွေက ကိုင်စွဲထားပါတယ်။ ယခုနှစ်အကုန်မှာရေနံထုတ် လုပ်မှုကိုထိန်းချုပ်ဖို့ သဘောတူညီမှုရ ပြီးသွားတဲ့နောက်ပိုင်းဖြန့်ဖြူးမှု လျှော့ချ ရေးအပါအဝင်ထပ်ဆင့် အရေးယူမှု တွေပြုလုပ်ဖို့လိုကြောင်း အချို့အိုပက် အဖွဲ့ဝင်နိုင်ငံတွေက  ပြောပါတယ်။ ရေနံထုတ်လုပ်မှု လျှော့ချရေးကိစ္စကို ပြောဖို့စောသေးတယ်လို့ ဆာဒရီက ပြောပါတယ်။

 

International Trade News

Pages