ရေဆိုးသန့်စင်ရေးစက်ရုံမှ ရေအရင်းအမြစ်ကို ပေကျင်းတွင် တိုးချဲ့ သုံးစွဲမည်

Mon, 04/04/2016 - 08:14 -- admin_ygn

တရုတ်နိုင်ငံတွင် တိုးတက်လာ သည့်လူဦးရေနှင့် ရေလိုအပ်မှု ပြည့်မီ စေရန်   ရေအရင်းအမြစ်အသစ်များ ရှာဖွေရာ၌ ရေဆိုးသန့်စင်ရေးစက်ရုံ များမှ ရေများကို တစ်ကျော့ပြန်ပြန်လည် ပြုပြင်မှုကို     တိုးမြှင့်မည်ဖြစ်ပြီး   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   နေရာ များ (ဥပမာအားဖြင့် လမ်းများ သန့်ရှင်း ရေးပြုလုပ်ခြင်းနှင့်မြို့တော် စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်များရေ လောင်းခြင်းစသည်)၌ သုံးစွဲမည်ဖြစ် ကြောင်း ပေကျင်းရေအာဏာပိုင်အဖွဲ့ က ပြောကြားခဲ့ပါသည်။ပေကျင်းမြို့တော်အတွင်း နှစ် စဉ်ရေသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် လေး ဘီလီယံ ကုဗမီတာရှိပြီး ၂၅ ရာခိုင်နှုန်းမှာ တစ်ကျော့ပြန်လည်သုံး စွဲမှုမှဖြစ်ကြောင်း လွန်ခဲ့သည့်သုံးနှစ်က ရှိခဲ့သော ကုဗမီတာ သန်း ၈၀၀  နှင့် နှိုင်းယှဉ်ပါက     များစွာတိုးတက်လာ ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၀ ခုနှစ်တွင် တစ်ကျော့ပြန်အသုံးချသည့် ရေ  ၁ ဒသမ ၂ ဘီလီယံ ကုဗမီတာအပါ အဝင် ရေလိုအပ်ချက်     စုစုပေါင်း ၄ ဒသမ ၃ ဘီလီယံကုဗမီတာအထိ တိုး မြင့်လာနိုင်ကြောင်း၊  သို့ဖြစ်ရာ ရေဆိုး သန့်စင်ရေးစက်ရုံအသစ်များမှ    သန့် ရှင်းပြီး အရည်အသွေးကိုက်ညီသည့် ရေကို တိုးမြှင့်ထုတ်လုပ်သုံးစွဲမည်ဖြစ် ပြီး ရေဆိုးသန့်စင်သည့်စက်ရုံ၁၇ ရုံကို ထပ်မံတည်ဆောက်နေကြောင်း သိရှိရ ပါသည်။
ရေရှည်၌မြို့တော်ရေပေးဝေမှုလုံလောက်စေရန် ထိရောက်သည့် ရေ သုံးစွဲမှုမူဝါဒကို ကျင့်သုံးမည် ဖြစ်ပြီး အချို့သောလုပ်ငန်းများ ဥပမာ ရေသုံး စွဲမှုများသည့် ကားရေဆေးလုပ်ငန်း များနှင့် ပတ်ဝန်းကျင်စိမ်း လန်းစိုပြေ ရေး လုပ်ငန်း များ ၌လည်း တစ်ကျော့ပြန် ပြုပြင်ပြီးရေကို    သုံးစွဲရမည်ဖြစ် ကြောင်း   ဖော်ပြထားပါသည်။ ၂၀၁၄ ခုနှစ်မှစတင်၍ ပေကျင်း ၌ ရေလိုအပ် ချက်ပြည့်မီစေရန်   ရေပေးဝေရေး စီမံကိန်း    (South to North Water Diversion Project) ဖြင့် ယန်စီမြစ်မှ ရေကို အသုံးပြုနေပြီး စုစုပေါင်းရေ ပေးဝေမှု၏ ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။
လုံလောက်စွာ ရေပေးဝေမှု အပြင် ရေညစ်ညမ်းမှုမှာလည်း တရုတ် ၌ အရေးပေါ်ဖြေရှင်းရမည့် ကိစ္စရပ် တစ်ခုဖြစ်ကြောင်း၊ ယခုအခြေအနေ တွင် မြို့တော်ရှိ မြစ်ချောင်း ၁၄၄ ခုမှာ အဆမတန် ညစ်ညမ်းနေသည့်အတွက် စက်ရုံ၊ အလုပ်ရုံနှင့်လူနေအိမ်များမှ မြစ်ချောင်းများသို့ တိုက်ရိုက်ရေ စွန့်ပစ် သည့် ပြဿနာအား ဖြေရှင်းရန်ညစ် ညမ်းရေစွန့်ပစ်မှုတားဆီးသည့် သုံးနှစ် စီမံကိန်းကို ချမှတ်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ရေထုညစ်ညမ်းမှုကို လျှော့ချ သည့် ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မီရန်မြို့တော်၏ ရေဆိုးသန့်စင်မှုစနစ် အဆင့်ဆင့်ကိုလည်း တိုးတက်အောင် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်၌ ရေဆိုးသန့်စင်နိုင်မှုနှုန်း မှာ ၉၅ ရာခိုင်နှုန်းကျော်ရောက် ရှိ အောင် မျှော် မှန်း ထားကြောင်း ဖော်ပြ ထားပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages