နိုင်ငံရေးအခြေအနေအပေါ် အရှေ့တောင်အာရှနိုင်ငံများရဲ့ နိုင်ငံတော် ချေးငွေသတ်မှတ်ချက်အပေါ် အကျိုးသက်ရောက်မှုရှိ

Thu, 05/19/2016 - 09:27 -- admin_ygn

ဖိလစ်ပိုင်နိုင်ငံ  အမျိုးသားရွေး ကောက်ပွဲနဲ့ မလေးရှားနိုင်ငံဆာရာဝပ် ပြည်နယ်ရွေးကောက်ပွဲများကျင်းပပြီး နောက်ချေးငွေအဆင့်သတ်မှတ်ရေးကုမ္ပဏီများက နိုင်ငံရေးအရစွန့်စားမှုအန္တရာယ်များနဲ့ အရှေ့တောင်အာရှ ဒေသ တစ် လွှား ရှိ နိုင်ငံတော်ချေးငွေများ အပေါ် နိုင်ငံရေးအခြေအနေရဲ့ အကျိုး သက်ရောက်မှုတွေကို သုံးသပ်ခဲ့ကြောင်း အာရှနီကေးသတင်းမှာဖော်ပြပါ တယ်။ဖိလစ်ပိုင်နိုင်ငံ သမ္မတ     ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိ ခဲ့တဲ့Rodrigo Duterte က အမျိုးသား နိုင်ငံရေးမှာ အတွေ့အကြုံနည်းသေးတဲ့ အတွက် နိုင်ငံရေးအရစွန့်စားမှုတေ မြင့်တက်လာနိုင်တယ်လို့ စတန်းဒတ် အင်ပူးဝါးကမ္ဘာ့ချေးငွေအဆင့်သတ် မှတ်ရေးကုမ္ပဏီက ခန့်မှန်းပါတယ်။
ဖိလစ်ပိုင်    တောင်ပိုင်းဒေသရှိ ဒါဗောင်းမြို့တော်ဝန်ဖြစ်သူ Duterte  က ဖက်ဒရယ်စနစ်ကို အလေးပေးသူဖြစ် တဲ့အတွက် ပြည်နယ်အစိုးရတွေ အင်အားတောင့်တင်းလာနိုင်ပါတယ်။သမ္မတ    ဘင်နစ်ဂနိုအာကွီနို သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၀ ပြည့်    နှစ်နောက်ပိုင်းနိုင်ငံရေးတည်ငြိမ်မှုရှိခဲ့ ပါတယ်။နောက်ပိုင်းမှာတော့ နိုင်ငံရေး အရထိပ်တိုက် ရင်ဆိုင်မှုတွေရှိ လာပြီး နိုင်ငံတော်ချေးငွေအဆင့် သတ်မှတ် ချက်ကို ထိခိုက်လာနိုင်ကြောင်း စတန်း ဒတ်အင် ပူးဝါးက သုံးသပ်ပါတယ်။မလေးရှားနိုင်ငံမှာ ငွေကြေးနဲ့ ဆိုင် တဲ့ကောလာဟလတွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းဝန်ကြီးချုပ်နာဂျစ်ရာဇတ် ကို နုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ပါ တယ်။    နာဂျစ်ပါဝင်တဲ့ အာဏာရ  ညွန့်ပေါင်း အစိုးရက မေလ ဆန်းက ကျင်းပတဲ့      ဆာရာဝပ်ပြည်နယ် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင် ရထားပါတယ်။ ဒါပေမယ့် နာဂျစ်နုတ် ထွက်ပေးဖို့ အစိုးရကိုပြင်းပြင်းထန်ထန် ဖိအားပေးလာရင် နိုင်ငံရေး အရ စွန့်စား မှုတွေမြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ စားသုံးသူယုံကြည်မှုတွေ ကျဆင်းနိုင် ပါတယ်။၂၀၁၄ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးအုပ်ချုပ်ခဲ့တဲ့    ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ  မတည်ငြိမ်မှုတွေရှိနေ သေးကြောင်း  စတန်းဒတ်အင် ပူဝါးက သုံးသပ်ပါတယ်။  ထိုင်းအထက်လွှတ် တော်ကို စစ်တပ်က ထိန်းချုပ်နိုင်စေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သြဂုတ်လ မှာဆန္ဒခံယူပွဲပြုလုပ် ပြီး ၂၀၁၇ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့  ကတိပြု ထားပါတယ်။ထိုင်းနိုင်ငံမှာ   ထိပ်တိုက်ရင်ဆိုင်မှုတွေ    မဖြစ်တဲ့တိုင်အောင် စီးပွားရေးထပ်မံနှေးကွေးကျ ဆင်းမယ့် အလားအလာကြောင့်    လာမယ့်နှစ် အနည်းငယ်အတွင်း နိုင်ငံတော်ချေးငွေ အဆင့်သတ်မှတ်ချက်   နိမ့်ကျနေဦး မယ်လို့ စတန်းဒတ် အ င်ပူးဝါးက သုံး သပ်ပါတယ်။

International Trade News

Pages