တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားငွေကြေး ဖြင့် ဘဏ်အပ်ငွေ ဇန်နဝါရီတွင် ကျဆင်း

Tue, 02/23/2016 - 09:17 -- admin_ygn

                         နိုင်ငံခြားငွေများပြည်ပသို့ အလုံးအရင်းဖြင့် စီးထွက်မှုကြောင့် တောင်ကိုရီးယားရှိနိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားငွေသားဖြင့် အပ်နှံမှုမှာဇန်နဝါရီလတွင် လနှစ်ဆယ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တောင်ကိုရီးယားဗဟိုဘဏ်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်(Bank of Korea) မှ ထုတ်ပြန်တဲ့ ဇန်နဝါရီလကုန် စာရင်းများရ ပြည်တွင်းမှာအခြေချ နေထိုင်သူ  (Local Resident) တွေ လက်ဝယ်ရှိနေတဲ့ နိုင်ငံခြား ဘဏ်အပ်ငွေလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆ ဘီလီယံရှိခဲ့ရာ ယခင်လနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလီယံကျဆင်းခဲ့ ကြောင်းယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ဇန်နဝါရီလကုန်ကရှိခဲ့သော ငွေလက်ကျန်မှာ ၂၀၁၄ ခုနှစ် မတ်လနောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့ပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ပြည်တွင်းမှာ အခြေချနေထိုင်သူဟုဆိုရာတွင် တာင်ကိုရီးယားနိုင်ငံအတွင်း၌ ခြောက်လကျော်နေထိုင်သော စီးပွားရေးလုပ်ငန်းများနဲ့ နိုင်ငံခြားသားတစ်ဦးချင်း ပုဂ္ဂိုလ်တွေပါဝင်ပါတယ်။ ယခုထုတ်ပြန်မှုတွင် ဘဏ်အချင်းချင်းအပ်နှံငွေပါဝင် ခြင်းမရှိပါ။ ဇန်နဝါရီလတွင် အပ်နှံငွေကျဆင်းရခြင်းမှာ ကော်ပိုရေးရှင်းမျာ၏ အပ်နှံငွေလျှော့ချခြင်းကြောင့် အများဆုံးဖြစ်ပါတယ်။ ကုမ္ပဏီများက ဇန်နဝါရီတွင် အပ်နှံထားတဲ့ နိုင်ငံခြားငွေပမာဏမှာ ယခင်လနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ  ၂၇ ဘီလီယံကျဆင်းပြီး တစ်ဦးချင်းအလိုက်အပ်နှံငွေက အမေရိကန် ဒေါ်လာသန်း ၆၆၀ ရှိခဲ့ပါတယ်။

 

International Trade News

Pages