တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်

Tue, 03/22/2016 - 05:09 -- admin_ygn

ယခုနှစ်အတွင်း တရုတ်နိုင်ငံပိုင် လုပ်ငန်းများ၏ အုပ်ချုပ်မှုပိုင်းတိုးတက် ကောင်းမွန်စေရန် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းသုံးခုမှ ငါးခုအထိ စမ်းသပ် အစီအစဉ်ဖြင့်ပြုပြင်ပြောင်းလဲ မည်ဖြစ် ကြောင်းState-owned Assets Super-vision and Administration Com-mission (SASAC) မှ ဒုတိယအကြီး အကဲဖြစ်သူ Zhang Xiwu က ဖေဖော် ဝါရီ ၂၃ ရက် အစည်းအဝေး၌ ထုတ် ဖော်ပြောကြားခဲ့ပါသည်။အဓိကနိုင်ငံပိုင်စီးပွားရေးလုပ် ငန်း နှစ်ခုမှာChina Chengtong Hol-ding Group Ltd နှင့်China Reform Holding Corp Ltd နှစ်ခုဖြစ် ကြောင်း၊ China Chengtong Holding Group Ltd သည် Assets management ? Logistic service၊ Capital goods trade နှင့် Forestry and parper products လုပ်ငန်းများကို ဆောင်ရွက်နေပြီးChi-na Reform Holding Corp Ltd သည် SASAC ၏ ကျောထောက်နောက် ခံ ကုမ္ပဏီဖြစ်ကြောင်း သိရှိရပါသည်။ပြုပြင်ပြောင်းလဲ ရာ၌ နိုင်ငံပိုင် လုပ်ငန်းများ၏ စီမံ ခန့် ခွဲမှုစွမ်းရည် တစ် ခုလုံး တိုးတက်စေရန်ရည်ရွယ်ပြီး အဖွဲ့ အစည်းတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်း မည်ဖြစ်ကြောင်း၊ ဦးစားပေးအစီအစဉ် မှာနိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ လုပ်ငန်းစီမံအုပ်ချုပ်မှုဖွဲ့စည်း ပုံနှင့်ရောကြိုးပမ်း ပိုင်ဆိုင် မှုရှိသောစီးပွားရေး တိုးတက်မှုကို ဦးစားပေးဆောင်ရွက် မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသစ်ပြန် လည်ဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံပိုင် ပစ္စည်းများစီမံခန့်ခွဲရာ၌ ထိရောက်လာ ခြင်းနှင့်ကုမ္ပဏီများအချင်းချင်း ပေါင်း စပ်ခြင်း၊ ဝန်ထမ်း များ၏လစာနှင့် အစုရှယ်ယာစသည့်ကိစ္စရပ်မျာ း၌ ပို၍ တိုးတက်ကောင်းမွန်လာမည်ဟု မျှော် လင့်ကြောင်းဖော်ပြထားပါသည်။China Chengtong သည် အစိုးရ အထောက်အပံ့ခံလုပ်ငန်းပေါင်း ၁၀၀ ကျော်ရရှိပြီး ယဉ်ေ ကျးမှု၊ခရီးသွားလုပ်ငန်းနှင့်ထုပ်ပိုးမှုလုပ်ငန်းစသည့် စီးပွား ရေးလုပ်ငန်းများလည်း ဆောင်ရွက် ကြောင်းသိရှိရပါသည်။China Re-form Holidng Corp Ltd သည် အချိန် အတော်ကြာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ဆောင် ရွက်နေ ခဲ့ပြီး၊ အခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများလည်း ရှိသည့် အတွက် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်သော်လည်း လုပ်ငန်းစီမံခန့်ခွဲရာ၌ အမှန်တကယ်ထိရောက်မှုရှိ /မရှိနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ၌ ကိုယ်ပိုင်လုပ်ပိုင် ခွင့် ရှိနိုင်/ မရှိနိုင်ဆိုသည်ကို စောင့်ကြည့်လေ့လာ ရမည် ဖြစ်ကြောင်း၊ လန်ဒန် အခြေစိုက် ရင်းနှီး မြှုပ်နှံမှုဘဏ် NSBO မှ သုတေသန အရာရှိ အိုလီဗာ ဘာရွန်ကသုံးသပ်ထား ပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages