တရုတ်နိုင်ငံမှ ဟောင်ကောင်သို့ ပဲပုပ် တန် သန်း ၈၀ ကျော် တင်သွင်း

Mon, 05/02/2016 - 09:23 -- admin_ygn

 တရုတ်၏ ပဲပုပ်ထုတ်ကုန် တင်သွင်းမှုမှာ ၂၀၁၅ တွင် မက်ထရစ် တန်သန်းပေါင်း ၈၁ ဒသမ ၇ ရှိခဲ့ပြီး စုစုပေါင်းဝယ်လိုအား၏ ၈၇ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ တင် သွင်းခဲ့သည့် ပဲပုပ်ထုတ်ကုန်ပစ္စည်း အများစုမှာ မျိုးရိုးဗီဇပြုပြင်ထားသော ပဲပုပ်များဖြစ်ပြီး ၂၀၁၄ခုနှစ်တွင် ကမ္ဘာ့ စုစုပေါင်းပဲပုပ်စိုက်ပျိုးသည့်ဧရိယာ များ ၏ ၈၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဟောင်ကောင်သိပ္ပံ၊ နည်းပညာနှင့် ပညာရေး ဝန်ကြီးဌာန၏ အကြီးအကဲ ဖြစ်သူ Liao Xiyuan မှ ပြောကြားခဲ့ သည်။၁၉၉၆ ခုနှစ်တွင် ပဲပုပ်တင်သွင်း သည့် နိုင်ငံများအနက် တရုတ် နိုင်ငံ မှာ  ကမ္ဘာ့အများဆုံးပဲပုပ်တင်သွင်းသူဖြစ် ခဲ့ပြီး စုစုပေါင်း ၁ ဒသမ ၁၁ တန် သန်း ပေါင်းတင်သွင်းခဲ့သည်။ လာမည့်နှစ် တွင် ပဲပုပ်ဝယ်လိုအားနှင့်ရောင်းလို အားကွာဟမှု နည်းပါးစေရန် ထွက်နှုန်း မြင့်ပဲပုပ်များ တိုးမြှင့်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း Liao  မှထပ်မံပြောကြားခဲ့သည်။
ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages